လိုင်ယွန်ကွင်းလယ်လူ ဖယ်ကီယာကို ခေါ်ယူရန်အတွက်လီဗာပူးလ်အသင်း ပြန်လည်စီစဉ်နေ

လိုင်ယွန်ကွင်းလယ်လူ ဖယ်ကီယာကို ခေါ်ယူရန်အတွက်လီဗာပူးလ်အသင်း ပြန်လည်စီစဉ်နေ
Photos: YouTube,SempreMilan
Photos: YouTube,SempreMilan
Published 12 June 2019

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော လိုင်ယွန်ကွင်းလယ်လူ ဖယ်လ်ကီယာအား ခေါ်ယူရန် ပြန်လည်စီစဉ်နေကြောင်း သိရှိရသည်။

 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော လိုင်ယွန်ကွင်းလယ်လူ ဖယ်လ်ကီယာအား ခေါ်ယူရန် ပြန်လည်စီစဉ်နေကြောင်း သိရှိရသည်။

လိုင်ယွန်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ယန်းမစ်ချယ်အောလပ်စ်က ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ဖယ်ကီယာအား ယခု နွေရာသီတွင် အသင်းပြောင်းရွှေ့ခွင့်ပေးမည်ဟု ထုတ်ဖော်ပြောကြားခဲ့ရာ လီဗာပူးလ်အသင်းသည် ၎င်းကို ခေါ်ယူရန် ပြန်လည်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

၎င်းအတွက် လိုင်ယွန်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)အလိုရှိနေပြီး လီဗာပူးလ်အသင်းက ယင်းပမာဏကို လျှော့ချပေးစေရန်  အလိုရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent