လက်ရှိ ဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၅၄ ဘီလျံကျော် ဝင်ရောက်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်

လက်ရှိ ဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၅၄ ဘီလျံကျော် ဝင်ရောက်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက် လုပ်ကိုင်နေသည့် စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက် လုပ်ကိုင်နေသည့် စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 15 May 2019
 နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော်ဖြင့် အများဆုံး ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃ ရက်အထိ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၅၄၇ ဒသမ ၃၅၅ သန်းအထိ ဝင်ရောက်ထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇၁၈ သန်းကျော်အထိ ပိုမို ဝင်ရောက်ထားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၈ ခုနှစ် မေ ၃ ရက်အထိ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၈၂၉ ဒသမ ၂၈၃ သန်းအထိ ဝင်ရောက်ထားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့  ဝင်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၁၁၅၅ ဒသမ ၆၈၇ သန်းဖြင့် အများဆုံး ဖြစ်ကာ စက်မှုကဏ္ဍတွင် ဒေါ်လာ ၆၆၈ ဒသမ ၂၇၀ သန်းဖြင့် ဒုတိယ၊ အခြားဝန်ဆောင်မှု ကဏ္ဍတွင် ဒေါ်လာ ၂၇၄ သန်းဖြင့် တတိယ အများဆုံး ဖြစ်သည်။

လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၉၃ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ဒေါ်လာ သန်း ၆၀ ကျော်၊ အိမ်ယာ အဆောက်အဦး တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတွင် ဒေါ်လာ ၅၄ သန်းကျော်၊ စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းတွင် ဒေါ်လာ ၄၈ ဒသမ ၄ သန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၃၄ သန်းနီးပါးနှင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၁၄ သန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၁၀ သန်းကျော်အထိ ဝင်ရောက်ထားပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၁၃၄ သန်းကျော် ဝင်ရောက်ကြောင်း သိရသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေ အလယ်အလတ် အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ဘီလျံ ၂၂၀ ကျော် ရရှိစေရန်နှင့် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမို စီးဝင်လာစေရေး မျှော်မှန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ကာလတို ငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ-၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ကာလရှည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။                                                    

 

Most Read

Most Recent