'Striker Force 7' ကာတွန်းဗီဒီယိုကြော်ငြာကို စီရော်နယ်လ်ဒို ပြသ

'Striker Force 7' ကာတွန်းဗီဒီယိုကြော်ငြာကို စီရော်နယ်လ်ဒို ပြသ
Photos : Courtesy of Graphic India
Photos : Courtesy of Graphic India
Published 6 May 2019

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၎င်း၏စူပါဟီးရိုးကာတွန်းဖြစ်သည့် 'Striker Force 7' ဗီဒီယိုကြော်ငြာကို မေလ (၄) ရက်နေ့က ပြသခဲ့သည်။

စီရော်နယ်လ်ဒိုသည် ယင်းကြော်ငြာကို ၎င်း၏ Twitter စာမျက်နှာတွင် တင်ခဲ့ပြီး 'Striker Force 7' ကာတွန်းစာအုပ် ကိုလည်း ထုတ်ဝေခဲ့ကြောင်း သိရသည်။

'Striker Force 7' ဗီဒီယိုကြော်ငြာတွင် စီရော်နယ်လ်ဒိုကို စူပါဟီးရိုးအဝတ်အစားများနှင့်တွေ့ရပြီး အခြားကာတွန်းဇာတ်ကောင်များနှင့် တိုက်ခိုက်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ယခုထုတ်ဝေခဲ့သည့် ကာတွန်းစာအုပ်မှာ ကလေးငယ်များကို စာဖတ်ချင်အောင် ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း စီရော်နယ်လ်ဒိုက ဆိုခဲ့သည်။

စီရော်နယ်လ်ဒိုသည် စူပါဟီးရိုးဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် 'Striker Force 7'ကို ဂိမ်းနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင်ပါ ချပြသွားမည်ဟု ၂၀၁၈ ခုနှစ်၊ မေလက ပြောကြားခဲ့သည်။

Most Read

Most Recent