ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) ပွဲကြိုသုံးသပ်ချက်
Photo : wikimedia
Photo : wikimedia
Published 4 May 2019

ဘုန်းမောက် နှင့် စပါး (စနေည ၆းဝ၀ နာရီ)

စပါးက ဒီပွဲကိုနိုင်ရင် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာပါပြီ။ အေဂျက်စ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲကလည်း အရေးကြီးတယ်ဆိုပေမယ့် ဒီပွဲကိုလည်း အမှားခံမှာမဟုတ်ဘူး။ ဘုန်းမောက်လိုအသင်းမျိုးနဲ့ ပွဲမှာ ဝက်စ်ဟမ်းနဲ့တုန်းကလို အမှားအယွင်း ထပ်ဖြစ်ဦးမယ်ဆိုရင် အဲဗာတန်နဲ့ ကစားရမယ့် နောက်ဆုံးပွဲအတွက်လည်း ဖိအားဝင်သွားနိုင်တယ်။ ဒါကြောင့် ဒီပွဲကို အာရုံစိုက်ကစားပြီး နိုင်ပွဲယူသွားပါလိမ့်မယ်။

ဝက်စ်ဟမ်း     နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

ဝက်စ်ဟမ်းက ဘာမျှော်လင့်ချက်မှမရှိတော့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့(၂)ပွဲမှာ အမှတ်အသည်းအသန်လိုနေတယ်ဆိုတဲ့ လက်စတာနဲ့ စပါးတို့ဆီက (၄)မှတ်ယူခဲ့တယ်။ ဆောက်သမ်တန်ကတော့ ပြီးခဲ့တဲ့တစ်ပတ်ကမှ တန်းမဆင်းရဖို့ သေချာသွားတာကြောင့် ဒီပွဲက ဖိအားလျော့တယ်ဆိုတာထက် စိတ်လျှော့လိုက်တော့မယ့်ပွဲမျိုးပါ။ ဝက်စ်ဟမ်းကွင်းလည်းဖြစ်နေလို့ ဝက်စ်ဟမ်း (၂-၀)လောက်နဲ့နိုင်မယ်။ 

ဝုလ်ဗ် နှင့် ဖူလ်ဟမ် (စနေည ၈း၃၀ နာရီ)

ဝုလ်ဗ်အသင်းက အာဆင်နယ်နဲ့ ဝက်ဖို့ဒ် ပွဲကျပ်နှစ်ပွဲကို ဆက်တိုက်အနိုင်ကစားခဲ့ပြီးတဲ့နောက် အဆင့် (၇)နေရာအတွက် အခြေအနေအကောင်းဆုံးအသင်းဖြစ်လာပါတယ်။ နောက်ဆုံးပွဲမှာ ဝုလ်ဗ်က လီဗာပူးလ်နဲ့ ကစားရဦးမှာဖြစ်လို့ အမှတ်လျော့နိုင်တဲ့အနေအထားမှာ ဒီပွဲကနေ (၃)မှတ်အပြည့်ယူထားဖို့ သေချာတယ်။ ဖူလ်ဟမ်ရဲ့ခြေစွမ်းရော၊ ခံစစ်ပါ သိသိသာသာတိုးတက်လာတာမှန်ပေမယ့် ဝုလ်ဗ်နိုင်မယ့်ပွဲပါ။ 

ကာဒစ်ဖ် နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၁၁းဝ၀ နာရီ)

ကာဒစ်ဖ်အတွက် နိုင်ပွဲကလွဲပြီး ရွေးချယ်စရာမရှိပါဘူး။ ဒါပေမဲ့ အသင်းတစ်သင်းက ရည်မှန်းချက်ထားတိုင်း၊ သူတို့လိုချင်တဲ့အရာတိုင်း ရမယ်လို့အာမခံချက်မရှိဘူး။ ဒါကြောင့်လည်း တန်းဆင်းဇုန်ထဲရောက်လာတာဖြစ်တယ်။ နိုင်လိုစိတ်ပိုပြင်းပြမှုက အားသာချက်ဆိုရင် အမှတ်မလိုတဲ့အသင်းတွေရဲ့ ဖိအားလျော့နည်းမှုကလည်း ဘယ်လောက်အားသာသလဲဆိုတာ နောက်ပိုင်းပွဲတွေမှာ မြင်နေရတယ်။ ပဲလေ့စ်ကိုပဲ ကြိုက်တယ်။ 

နယူးကာဆယ်  နှင့် လီဗာပူးလ် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဘင်နီတက်ဇ်က သူ့အသင်းကို မြင့်သထက်မြင့်အောင် ကြိုးစားနေတယ်လို့ ဆိုခဲ့တယ်။ လက်စတာ၊ ဆောက်သမ်တန် တို့လို အသင်းကောင်းတွေကိုလည်းအနိုင်ယူခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့ ကစားခါနီး ဘရိုက်တန်နဲ့ပွဲမှာ နိုင်ပွဲပြန်ပျောက်ခဲ့ တယ်။ ဒါက တိုက်ဆိုင်မှုလား၊ ရိုးရိုးသားသား သရေပွဲလားဆိုတာကို စဉ်းစားရမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဘင်နီတက်ဇ်က လီဗာပူးလ်ရဲ့ ဂန္ထဝင်နည်းပြတစ်ဦးလို့ ပြောနိုင်သူဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေကို ရင်ကွဲစေမယ့် အလုပ်ကိုလုပ်ပါ့မလားဆိုတာက အရေးကြီးတယ်။ နောက်တစ်ချက်က ဘင်နီတက်ဇ်နဲ့ ဂွါဒီယိုလာတို့ကြားမှာရှိတဲ့ တင်းမာမှုတွေ၊ မန်စီးတီးရဲ့ နောက်ဆုံး (၁၂)ပွဲဆက်နိုင်ပွဲမတိုင်ခင်မှာ နယူးကာဆယ်က အသည်းအသန်ရုန်းကန်ပြီး မန်စီးတီးကို အနိုင်ကစားခဲ့တာတွေ စဉ်းစားရမယ်။ နယူးကာဆယ်အနေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင် အရှုံးပေးတာမျိုးတော့ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ရာနှုန်းပြည့် ကြိုးစားအားထုတ်ပါ့မလားဆိုတဲ့အချက်ရှိတယ်။ ဒါက ကွင်းပြင်ကဏ္ဍကို စဉ်းစားတဲ့အပိုင်းဖြစ်ပြီး ကွင်းထဲက ခြေစွမ်းအရဆိုရင်လည်း လီဗာပူးလ်က နယူးကာဆယ်ကို အနိုင်ယူနိုင်စွမ်းရှိတဲ့အသင်းပါ။ ဒီပွဲက လီဗာပူးလ် အနိုင်သေချာပါတယ်။ (၀-၁၊ ၀-၂)လောက်ဖြစ်မယ်ထင်တယ်။ 

 



 

Most Read

Most Recent