မိမိအသက်ရှင်နေစဉ်အတွင်း လီဗာပူးလ်အသင်းကို ဖလားမရစေလိုကြောင်း အဲဗာတန်နှင့် မန်ယူဂိုးသမားဟောင်း တင်မ်ဟောင်းဝပ် ပြောကြား

မိမိအသက်ရှင်နေစဉ်အတွင်း လီဗာပူးလ်အသင်းကို ဖလားမရစေလိုကြောင်း အဲဗာတန်နှင့် မန်ယူဂိုးသမားဟောင်း တင်မ်ဟောင်းဝပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 May 2019

အမေရိကန် မေဂျာလိဂ်ကလပ် ကော်လိုရာဒိုရပ်ပစ်အသင်းတွင် ကစားနေသည့် အမေရိကန်ဂိုးသမား တင်မ်ဟောင်းဝပ်က မိမိအသက်ရှင်နေစဉ်ကာလအတွင်း လီဗာပူးလ်အသင်း ဖလားရသည်ကို မမြင်လိုကြောင်း အမေရိကန်သတင်းဌာန CNN နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အသက် (၄၀)နှစ်အရွယ်ရှိ တင်မ်ဟောင်းဝပ်သည် မန်ယူအသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိကစားခဲ့သလို၊ အဲဗာတန်အသင်းတွင်လည်း ၂၀၀၆ ခုနှစ်မှ  ၂၀၁၆ ခုနှစ်အထိကစားခဲ့သူဖြစ်သည်။

ထို့ကြောင့် အဆိုပါ အသင်း (၂) သင်း၏ မဟာပြိုင်ဘက်ဖြစ်သည့် လီဗာပူးလ်အသင်းကို ဖလားမရစေလိုကြောင်း တင်မ်ဟောင်းဝမ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

တင်မ်ဟောင်းဝပ်က '' ကျွန်တော်အသက်ရှင်နေစဉ်အတွင်း လီဗာပူးလ်အသင်း ဖလားမရပါစေနဲ့လို့ ကျွန်တော်မျှော်လင့်ပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ အပြိုင်တိုက်ပွဲဝင်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ မန်စီးတီးအသင်းကိုပဲ ဖလားရစေချင်ပါတယ်'' ဟုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲပြီးဆုံးရန် (၂)ပွဲအလို၌ ရမှတ် (၉၁)မှတ်ဖြင့် အဆင့် (၂)နေရာတွင် ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီး (၉၂ မှတ်)ကို (၁)မှတ်အကွာဖြင့်် ဖိအားပေးလျက်ရှိသလို 

ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားပြီး ဘာစီလိုနာနှင့် တွေ့ဆုံလျက်ရှိသည်။

ထို့ပြင် တင်မ်ဟောင်းဝပ်က ၄င်း၏အသင်းဟောင်း မန်ယူအသင်းမှာ လက်ရှိတွင် ရလဒ်များဆိုးရွားနေသော်လည်း နည်းပြဖြစ်သူဆိုးလ်ရှားမှာ အသင်းနှင့် အသင့်တော်ဆုံး နည်းပြတစ်ဦးဖြစ်ပြီး မန်ယူအသင်းကို  နေရာမှန်သို့ ပြန်ပို့ပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent