PSG အသင်းတွင်ဆက်ရှိလိုသည်ဟု နည်းပြ တူဟယ်လ် ဝန်ခံ

PSG အသင်းတွင်ဆက်ရှိလိုသည်ဟု နည်းပြ တူဟယ်လ် ဝန်ခံ
Photos : AFP
Photos : AFP
Published 29 April 2019

PSG နည်းပြ တူဟယ်လ်က မိမိအနေဖြင့် အသင်းကို ဆက်လက်ကိုင်တွယ်လိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။

အသက် (၄၅) နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်သည် PSG အသင်းကို ယခုရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို လီဂူးချန်ပီယံဆုရယူပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်တွင် ကျဆုံးခဲ့သလို၊ ပြင်သစ်ဖလားတွင်လည်း ရန်းစ်အသင်းကို အရှုံးပေးခဲ့ရသည်။

ထို့ကြောင့် တူဟယ်လ်၏အနာဂတ်မှာ လှုပ်ခတ်နေပြီး PSG အသင်းသည် ၎င်းနေရာတွင် နာမည်ကျော်နည်းပြများကို ခန့် အပ်ဖွယ်ရှိနေသည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြနေကြသည်။

သို့သော် တူဟယ်လ်က မိမိအနေဖြင့် PSG အသင်းတွင် ဆက်ရှိလိုသည်ဟု ရန်းစ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

''ကျွန်တော့်အနေနဲ့ PSG အသင်းမှာ ဆက်ရှိချင်ပါတယ်။ ဒီအနေအထားက လွယ်ကူတဲ့အနေအထားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ စဉ်းစားစရာတွေ ရှိနေသေးပြီး လက် ရှိမှာတော့ ဘာကိုမှ အတိအကျမပြောနိုင်သေးပါဘူး။ ရန်းစ်ကို (၂) ဂိုးပြတ်ဦးဆောင်ပြီးမှ ရှုံးခဲ့ရလို့ စိတ်ပျက်ပါတယ်''ဟု တူဟယ်လ်က ဆိုခဲ့သည်။

Most Read

Most Recent