မက်ဆီရဲ့ သွင်းဂိုးနဲ့ လာလီဂါချန်ပီယံဆုကို (၂၆) ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ

မက်ဆီရဲ့ သွင်းဂိုးနဲ့ လာလီဂါချန်ပီယံဆုကို (၂၆) ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ
Photos: AFP & Reuters
Photos: AFP & Reuters
Published 28 April 2019

■ ဘာစီလိုနာ ၁-၀ လီဗန်တေး

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ လီဗန်တေးကို အနိုင်ကစားပြီး ရာသီကုန်ဆုံးဖို့ (၃) ပွဲအလိုမှာပဲ လာလီဂါချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။

ဒီပွဲပြီးရင် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ ကစားဖို့ရှိတာကြောင့် ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီဟာ မက်ဆီကို အရန်ခုံမှာထားခဲ့ပြီး ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဒမ်ဘီလီ၊ မယ်လို၊ ဗီဒယ်လ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ လီဗန်တေးကတော့ အဓိကကစားသမားအစုံအလင်နဲ့ ဘာစီလိုနာအသင်းကို ပြန်လည်ရင်ဆိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပွဲစကတည်းက လီဗန်တေးအသင်းကို တစ်ဖက်သတ်ဖိကစားပြီး ဂိုးသွင်းခွင့်တွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဒမ်ဘီလီတို့ အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ လီဗန်တေးဂိုးသမား ဖာနန်ဒက်ဇ်ကလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာတော့ ဘာစီလိုနာတို့ ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီဟာ ကော်တင်ဟိုအစား အဓိကတိုက်စစ်မှူး မက်ဆီကို လူစားဝင် ကစားစေခဲ့ပြီး အနိုင်ရဖို့ တင်ကစားခဲ့ပါတယ်။ 

မက်ဆီဝင်လာပြီးနောက်မှာတော့ ဘာစီလိုနာအသင်းဟာ ဂိုးသွင်းခွင့်ပိုမိုရရှိလာခဲ့ပြီး ပွဲချိန် (၆၂) မိနစ်မှာ ဗီဒယ်လ် ဖန်တီးပေးတာကို လီဗန်တေးဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ မက်ဆီက ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ 

ဒီဂိုးဟာ မက်ဆီအတွက် ဒီရာသီလာလီဂါပြိုင်ပွဲမှာ (၃၄) ဂိုးမြောက်ဖြစ်ခဲ့သလို၊ လူစားဝင်ပြီး သွင်းယူခဲ့တဲ့ (၂၄) ဂိုးမြောက် လာလီဂါသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာတော့ လီဗန်တေးအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ရရှိလာတဲ့ အခွင့်အရေးတွေကို မာယိုရယ်လ်နဲ့ လီဗန်တေးတိုက်စစ်ကစားသမားတွေ အသုံးချနိုင်ခြင်းမရှိတာကြောင့် ဂိုးတော့ မရခဲ့ပါဘူး။

ကျန်ပွဲချိန်တွေမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ ဂိုးရဖို့ ထပ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့ နိုင်ပွဲဟာ လာလီဂါချန်ပီယံဆုအတွက် လုံလောက်ခဲ့တယ်လို့ ဆိုရမှာပါ။ လီဗန်တေးကို အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဆုကို နောက်ဆုံး (၁၁) ရာသီအတွင်း (၈) ကြိမ်မြောက် ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်မှာတော့ (၂၆) ကြိမ်မြောက် ချန်ပီယံဆုုဖြစ်လာခဲ့ပါတယ်။



■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

စပါး ၀-၁ ဝက်စ်ဟမ်း

ခရစ္စတယ်ပဲလေ့စ် ၀-၀ အဲဗာတန်

ဖူလ်ဟမ် ၁-၀ ကာဒစ်ဖ်

ဆောက်သမ်တန် ၃-၃ ဘုန်းမောက်

ဝက်ဖို့ဒ် ၁-၂ ဝုလ်ဗ်

ဘရိုက်တန် ၁-၁ နယူးကာဆယ်

လာလီဂါ

ဘီလ်ဘာအို ၁-၁ အလာဗတ်စ်

အက်သလက်တီကို ၁-၀ ဗယ်လာဒိုလစ်

လီဟာနက်စ် ၀-၀ ဆယ်လ်တာဗီဂို

ဘာစီလိုနာ ၁-၀ လီဗန်တေး

စီးရီးအေ

ဘိုလော့ဂ်နာ ၃-၁ အမ်ပိုလီ

ရိုးမား ၃-၀ ကာဂလီယာရီ

အင်တာမီလန် ၁-၁ ဂျူဗင်တပ်စ်

ဘွန်ဒစ်လီဂါ

ဒေါ့မွန် ၂-၄ ရှော်လ်ကေး

လိုက်ပ်ဇစ် ၂-၁ ဖရိုင်းဘတ်

ဖရန့်ဖတ် ၀-၀ ဟာသာဘာလင်

ဟန်နိုဗာ ၁-၀ မိန့်ဇ်

ဒစ်ဆယ်ဒေါ့ဖ် ၄-၁ ဝါဒါဘရီမင်

စတုဂတ် ၁-၀ မိုချန်ဂလာဘတ်

လိဂ်ချန်ပီယံရှစ်

မီဝေါလ် ၀-၀ စတုတ်စီးတီး

ဘာမင်ဂမ် ၁-၁ ဝီဂန်

ဘရစ္စတိုးလ်စီးတီး ၀-၂ ဒါဘီ

မစ်ဒယ်ဘရော့ ၂-၁ ရက်ဒင်း

ပရက်စတန် ၃-၃ ရှက်ဖီးဝင်းစ်ဒေး

QPR ၀-၁ နော်တင်ဟမ်

ဆွမ်ဆီး ၂-၂ ဟားလ်စီးတီး

ဝက်စ်ဘရွန်း ၂-၁ ရော့သာဟမ်

ရှက်ဖီးယူနိုက်တက် ၂-၀ အစ်ဝစ်ချ်

နောဝစ်ချ် ၂-၁ ဘလက်ဘန်း

Most Read

Most Recent