လက်ရှိဘဏ္ဍာနှစ်အတွင်း ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် ထင်းရှူးအပြင် ရေဝေရေလဲနှင့် ဒီရေတောစိုက်ခင်း စုစုပေါင်းဧက ၂၂၀၀၀ ကျော် စိုက်ပျိုးမည်

လက်ရှိဘဏ္ဍာနှစ်အတွင်း ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် ထင်းရှူးအပြင် ရေဝေရေလဲနှင့် ဒီရေတောစိုက်ခင်း စုစုပေါင်းဧက ၂၂၀၀၀ ကျော် စိုက်ပျိုးမည်
Published 23 April 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ်အတွင်း အဖိုးတန် သစ်အမျိုးအစားများဖြစ်သည့် ကျွန်း၊ ပျဉ်း ကတိုး၊ ပိတောက်နှင့် ထင်းရှူးစိုက်ခင်းများအပြင် ရေဝေရေလဲနှင့် ဒီရေတောစိုက်ခင်း စုစုပေါင်းဧက၂၂၀၀၀ ကျော် စိုက်ပျိုးတည် ထောင်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာ၌ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ အဖိုးတန်သစ်အမျိုးအစားများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် ထင်းရှူးစိုက်ခင်းများအပြင် ရေဝေရေလဲနှင့် ဒီရေတောစိုက်ခင်း ဧက ၄၂,၀၀၀ တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အဖိုးတန်သစ်အမျိုးအစားများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် ထင်းရှူးစိုက်ခင်းများအပြင် ရေဝေရေလဲနှင့် ဒီရေတောစိုက်ခင်း ဧက၂၂,၀၀၀ ကျော် စိုက်ပျိုးတည်ထောင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံ$ သစ်တောနယ်မြေမှာ နိုင်ငံ့ဧရိယာ၏ ၂၅ ရာခိုင်နှုန်းကျော် နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေမှာ နိုင်ငံ့ဧရိယာ၏ ခြောက်ရာခိုင်နှုန်းခန့်အထိ တရားဝင်ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

လက်ရှိအစိုးသက်တမ်း သုံးနှစ်တာကာလအတွင်း ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၅၃ ခု၊ ဧက ၁၀ သိန်းနီးပါး တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သဖြင့် လက်ရှိအချိန်အထိ ဖွဲ့စည်းသတ်မှတ်ပြီး သစ်တောနယ်မြေ ဧက ၄၂ သန်းကျော်၊ နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၃၁ ရာခိုင်နှုန်းအထိ တရားဝင် ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

ထို့အတူ သဘာဝထိန်းသိမ်းရေးနယ်မြေ ၄ခု၊ ဧက ၁၃၀,၀၀၀ ကျော်တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သဖြင့် လက်ရှိအချိန်အထိ ဖွဲ့စည်းသတ်မှတ်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ စုစုပေါင်း ၄၃ခု၊ ဧကပေါင်း ၉ဒသမရ သန်း ကျော်ဖြင့် နိုင်ငံ့ဧရိယာ၏ ၅ ဒသမ၈ ၃ ရာခိုင်နှုန်းအထိ တရားဝင်ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent