စပါး နှင့် ဘရိုက်တန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
(၃၄)ပွဲ၊ (၆၇)မှတ်နဲ့ စပါးရဲ့အနေအထားက စိုးရိမ်စရာတော့ကောင်းလာတယ်။ ဒါပေမဲ့ ဒီပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်သလို၊ နောက်ဆုံး(၃)ပွဲမှာ အိမ်ကွင်း (၂)ပွဲပါဝင်နေတဲ့အနေအထားကတော့ စပါးကို အထောက်အကူဖြစ်စေလိမ့်မယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီပွဲအပါအဝင် လက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ကစားနိုင်တဲ့အနေအထားရှိသလို၊ ပြိုင်ဘက်အသင်းကြီးတွေရဲ့ ပွဲကျန်အနေအထားကြောင့် စပါးရဲ့လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရည်မှန်းချက်က အားကောင်းနေပါသေးတယ်။ အရေးအကြီးဆုံး က ဒီပွဲကိုအနိုင်ကစားရမှာဖြစ်ပြီး ဘရိုက်တန်ကလည်း တန်းမဆင်းရဖို့အတွက် ရုန်းကန်နေရတဲ့အသင်းဖြစ်လို့ စပါးအတွက် သတိထားပြီးကစားရမယ့်ပွဲမျိုးဖြစ်နေတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တွေအပါအဝင် နောက်ဆုံး (၄)ပွဲမှာ မန်စီးတီးနဲ့ (၃) ပွဲကစားခဲ့ရခြင်းက စပါးကို ပွဲပန်းစေမယ့် ပြဿနာရှိနေသလို၊ ဒဏ်ရာပြဿနာတချို့ကြောင့်လည်း အင်အားပြည့်အနေအထားတော့မဟုတ်ဘူး။ အထူးသဖြင့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားတိုင်းလိုလို ပွဲဆက်များပြီး ပင်ပန်းနေကြတာကို သတိပြုရမယ်။ ပုံမှန်အားဖြင့်ဆိုရင် နောက်ပိုင်းပွဲတွေမှာ အိမ်ကွင်းရလဒ်တွေက သိသိသာသာတက်လာပြီး ပေးဂိုးမရှိ နိုင်ပွဲတွေယူနိုင်ခဲ့တာကြောင့် အခုအိမ်ကွင်းပွဲမှာလည်း စပါး Clean Sheet နဲ့ နိုင်ဦးမှာပါ။ ဂိုးတော့ မများလောက်ဘူး။
ဝက်ဖို့ဒ် နှင့် ဆောက်သမ်တန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ဝက်ဖို့ဒ်က အိမ်ကွင်းမှာ အဲဗာတန်၊ လက်စတာ၊ ဖူလ်ဟမ်တို့ကို ဆက်တိုက်အနိုင်ကစားခဲ့ပြီးမှ နောက်ဆုံးပွဲမှာအာဆင်နယ်ကို ခြေစွမ်းအသာနဲ့ကစားပြီး ရှုံးခဲ့တယ်။ ခြေစွမ်းတည်ငြိမ်ပြီး မာကျောတယ်။ စိတ်ချရတဲ့အသင်းမျိုးဖြစ်ပြီး အဆင့် (၇)နေရာအတွက် ရုန်းကန်နေတဲ့အသင်းလည်းဖြစ်တယ်။ ဆောက်သမ်တန်ကလည်း ကစားပုံရော၊ ရလဒ်ပါတက်လာပေမယ့် နောက်ဆုံးပွဲမှာ နယူးကာဆယ်ကိုရှုံးခဲ့သလို ဒီပွဲလည်းရှုံးပွဲဆက်ဦးမယ်။