ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာသည် ဘီလ်ဘာအိုအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ခေါင်းတိုက်သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီတွင် ၎င်း၏ ခေါင်းတိုက်သွင်းဂိုးအရေအတွက်မှာ (၁၀)ဂိုးအထိ ရှိလာခဲ့ပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အများဆုံးအရေအတွက်ဖြစ်နေကြောင်း သိရသည်။
ဘန်ဇီမာသည် အဆိုပါပွဲစဉ်တွင် အသင်းအတွက် ဂိုး များကို ပွဲချိန် (၄၇)၊ (၇၆)နှင့် (၉၀)မိနစ်များတွင် ဟက်ထရစ်အဖြစ်သွင်းယူခဲ့ပြီး ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးမှာလည်း (၃၀)ဂိုးအထိ ရှိလာခဲ့သည်။
ထို့ကြောင့် ဘန်ဇီမာအနေဖြင့် လက်ကျန်လာလီဂါပွဲစဉ် (၅)ပွဲတွင် (၃)ဂိုးသွင်းယူနိုင်ခဲ့ပါက ၂၀၁၁-၁၂ ရာသီက ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ တင်ရှိထားသည့် ၎င်း၏တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန် (၃၂)ဂိုးအား ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
ထို့ပြင် ဘန်ဇီမာသည် ရီးယဲလ်မက်ဒရစ်အသင်း နောက်ဆုံးရရှိထားသည့် လာလီဂါသွင်းဂိုး (၈)ဂိုးစလုံးကို တစ်ဦးတည်း ဆက်တိုက်သွင်းယူထားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဘန်ဇီမာ၏ ယခုရာသီသွင်းဂိုးများ
လာလီဂါ - ၂၁ ဂိုး
စပိန်ဘုရင့်ဖလား - ၄ ဂိုး
ချန်ပီယံလိဂ် - ၄ ဂိုး
ဥရောပစူပါဖလား - ၁ ဂိုး