မနေ့ က ကစားခဲ့ သော မန်စီးတီး (၁-၀) စပါးပွဲအပြီးတွင် မန်စီးတီးတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားသည် ၎င်းရရှိသည့် Man of the Match အကောင်းဆုံးဆုအား အသင်းဖော်လူငယ်ကစားသမား ဖီးလ်ဖိုဒန်ကို လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ယင်းပွဲအပြီး Sky Sports ရုပ်သံက ၎င်းတို့နှစ်ဦးကို အင်တာဗျူးခဲ့ပြီး Sky Sports အစီအစဉ်တင်ဆက်သူ ဂျော့ဖ်ရှရိဗ်စ်က ဖီးလ်ဖိုဒန်အား ဘာနာဒိုဆေးလ်ဗားထံ Man of the Match ဆုကို ချီးမြှင့်စေခဲ့သည်။ ယင်း အချိန်တွင် ဘာနာဒိုဆေးလ်ဗားက ယင်းဆုကို လက်မခံခဲ့ဘဲ " No ။ ဒီဆုကို မင်းကိုပဲ ပေးချင်ပါတယ် ဖီးလ်။ အမှန်တိုင်းပြောရရင် ဒီဆုဟာ မင်းနဲ့ပဲ ထိုက်တန်တယ်လို့ ငါ ယူဆပါတယ်" ဟု ဆိုကာ ဖီးလ်ဖိုဒန်ကို ဆုပြန် ပေးခဲ့ခြင်းဖြစ်သည်။ ဖိုဒန်က မူလ တွင်" No,no,no" ဟုဆိုကာ ငြင်းဆန်ခဲ့သော်လည်း သူ့အသင်းဖော်၏ လက်ဆောင်ကို ပြန်လည်လက်ခံခဲ့ပြီး " Thank you" ဟု တုံ့ပြန်ခဲ့သည်။
ယင်းပွဲတွင် ဖီးလ်ဖိုဒန်သည် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်(၅)မိနစ်တွင် ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ အသက် (၁၈)နှစ်အရွယ်သာရှိသေးသော ဖီးလ်ဖိုဒန်၏ ခြေစွမ်းကို မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာကလည်း ပွဲအပြီးတွင် ချီးကျူးပြောကြားခဲ့သည်။ ဖီးလ်ဖိုဒန်သည် ယခုရာသီ မန်စီးတီးအသင်းတွင် ပြိုင်ပွဲစုံ (၂၅)ပွဲကစားခွင့်ရရှိထားပြီး (၇)ဂိုးသွင်းယူပေးထားသည်။