VAR ဆုံးဖြတ်ချက်ဖြင့် မန်စီးတီး ချန်ပီယံလိဂ်မှထွက်ရခြင်းအပေါ် စာနာဟု ယာဂန်ကလော့ပ် ဆို

VAR ဆုံးဖြတ်ချက်ဖြင့် မန်စီးတီး ချန်ပီယံလိဂ်မှထွက်ရခြင်းအပေါ် စာနာဟု ယာဂန်ကလော့ပ် ဆို
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 21 April 2019

 

လီဗာပူးလ်အသင်းနည်းပြ ယာ ဂန်ကလော့ပ်က ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်း VAR (ရုပ်သံအကူဒိုင်) ဆုံးဖြတ်ချက်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း အပေါ် စာနာနားလည်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့တွင် စပါးအသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း လေးဂိုးစီ တူညီသွားသော်လည်း အဝေးဂိုးစည်းမျဉ်းဖြင့် ထွက်ခဲ့ရသဖြင့် ဖလားလေး လုံးအိပ်မက် စွန့်လွှတ်ခဲ့ရသည်။ ယင်းပွဲတွင် စပါး အသင်းတိုက်စစ်မှူး လော်ရန်တေး သွင်းယူသည့် တတိယချေပဂိုးမှာ ရုပ်သံအနှေးပြကွက်များအရ လက်ထိဘောဖြစ်ကြောင်း မြင်တွေ့ရသော်လည်း ကွင်းလယ်ဒိုင် လူကြီးက VAR ဖြင့် ပြန်လည်ကြည့်ရှုပြီးနောက် ဂိုးအဖြစ် ခွင့်ပြုခဲ့သည်။

 

ထို့ပြင် ပွဲပြီးခါနီး နာကျင်အချိန်ပိုသုံးမိနစ်တွင် မန်စီးတီးအသင်းအတွက် စတာလင် ပဥ္စမမြောက်ဂိုးသွင်းယူနိုင်သော်လည်း VAR ဒိုင်က အဂွဲရိုး လူကျွံ နေကြောင်း ဆုံးဖြတ်ခဲ့သောကြောင့် ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ယာဂန်ကလော့ပ်က "ကျွန်တော်လည်း ဘယ်လိုပြောရမှန်း မသိပါဘူး။ ဒါပေမဲ့ ဒါက မယုံကြည်နိုင်လောက်အောင်ပါပဲ။ သူတို့ ကိုကြည့်ရတာ ကျွန်တော်လည်း တကယ်ခံစားမိပါတယ်။ လူတိုင်းက လူကျွံဘော မဟုတ်ဘူးလို့ ထင်နေကြပြီး တစ်ကွင်းလုံးလည်း အောင်ပွဲခံနေကြပြီ။ တချို့ကတော့ VAR သာ မရှိရင် ဒါက သေချာပေါက်ဂိုးရမှာလို့ ပြောကြတာလည်း ကျွန်တော် သိပါတယ်။ တကယ်တော့ ဒါက လူ ကျွံဘောပါ။ အဲဒါကို လက်ခံနိုင်ဖို့ ခက်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ တော့တင်ဟမ် အသင်းကိုလည်း တကယ်ဂုဏ်ပြုပါတယ်။ သူတို့က စီးတီးကွင်းမှာ သုံးဂိုး သွင်းနိုင်ခဲ့တာပါ။ တကယ်တော့ သူတို့လည်း နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ပါတယ်" ဟု သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။