လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာရှစ်ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၆၅၀ ကျော် ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာရှစ်ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၆၅၀ ကျော် ပိုမိုရရှိထား
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 21 April 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာရှစ်ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၆၅၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၉ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၉ ဘီလျံရရှိထားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူ တွင်မူ အမေရိကန်ဒေါ်လာ ၇  ဒသမ ၃၄ ဘီလျံသာ ရရှိထားသဖြင့် လက် ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် ယခင်နှစ်ကာလတူထက် အမေရိ ကန်ဒေါ်လာ ၆၅၆ ဒသမ ၀၁၀ သန်း ပိုမိုရရှိထားခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့်ပို့ကုန်များမှာ လယ် ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိ ကန်ဒေါ်လာ  ၁၂၇ သန်းကျော် ပိုမိုရ ရှိထားသည်။

တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၄ သန်း ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၂၂ သန်းကျော် ပိုမိုရရှိထားသည်။

ရေထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၄၃၀ နီး ပါးရရှိထားပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ပိုမိုရရှိထားသည်။

သတ္တုတွင်းထွက်ပစ္စည်း တင်ပို့ မှုမှ အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ရရှိထာပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်လျော့ကျခဲ့သည်။

သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၉၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ရှစ်သန်းကျော် လျော့ကျခဲ့သည်။

စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၄ ဒသမ ၄ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုရရှိထားသည်။

အခြားပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော် လျော့ကျခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent