ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ အသင်း၏အနာဂတ်ဖြစ်ပြီး အသင်းမှထွက်ခွာမည်ဆိုသည့် သတင်းများမှာမဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ အသင်း၏အနာဂတ်ဖြစ်ပြီး အသင်းမှထွက်ခွာမည်ဆိုသည့် သတင်းများမှာမဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။
အသက် (၃၄) နှစ်အရွယ်ရှိစီရော်နယ်လ်ဒိုသည် အေဂျက်စ်အသင်းကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဂျူဗင်တပ်စ်အသင်း ထွက်ခွာခဲ့ရခြင်းအတွက် ပရိသတ်များ၏ ဝေဖန်မှုများကိုခံနေရသူဖြစ်သည်။
ထို့ပြင် ၄င်းသည် ဂျူဗင်တပ်စ်ကစားသမားများ၏ ကြိုးစားအားထုတ်မှုကို မကျေမနပ်ဖြစ်နေပြီး အသင်းမှစာချုပ်သက်တမ်းမကုန်မီထွက်ခွာသွားဖွယ်ရှိနေသည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့ကြရာ အယ်လီဂရီက ယင်းသတင်းများကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
အယ်လီဂရီက ''စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့အနာဂတ်ဖြစ်ပါတယ်။ သူဟာ တကယ်ထူးခြားတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာလည်း ခြေစွမ်းပြနိုင်ခဲ့သူပါ။ နောက်ရာသီမှာလည်း သူ့အနေနဲ့ ဂျူဗင်တပ်စ်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ပါလိမ့်မယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့အတွက် ကျွန်တော်တို့အားလုံးစိတ်ပျက်ရပေမယ့် အခုအချိန်မှာတော့ စီရော်နယ်လ်ဒိုဟာ အေးအေးဆေးေးဆးပါပဲ။ ကျွန်တော်တို့အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးကြိုးစားသွားမှာပါ" ဟုပြောကြားခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းကြောင့် စီရော်နယ်လ်ဒိုကိုခေါ်ယူခဲ့ခြင်းမှာ မှားယွင်းသည်ဟု ဝေဖန်မှုမှုများရှိနေသော်လည်း စျေးကွက်အရမူ ဂျူဗင်တပ်စ်အသင်းအနေဖြင့် အမြတ်ငွေများစွာရရှိခဲ့ကြောင်း La Gazzetta dello Sport ကဖော်ပြခဲ့သည်။
ယခုရာသီတွင် စီရော်နယ်လ်ဒိုရောက်ရှိလာခဲ့ခြင်းကြောင့် ဂျူဗင်တပ်စ်အသင်း၏ ကွင်းဝင်ကြေးရရှိမှုမှာ ယခင်နှစ်ကထက် (၄၀) ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် ယူရိုသန်း (၆၀)အထိအမြတ်ရရှိခဲ့ကြောင်းသိရသည်။
ယင်းပမာဏမှာ စီရော်နယ်လ်ဒိုကို (၂)နှစ်စာ လစာပေးနိုင်သည့် ပမာဏတစ်ခုဖြစ်ကြောင်းလည်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။