အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီသည် လာမည့်ရာသီတွင် အသင်း၌ ဆက်လက်ကစားဖွယ်ရှိနေကြောင်း ၎င်း၏အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ဇနီးသည်ဖြစ်သူ ဝမ်ဒါနာရာက ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီသည် လာမည့်ရာသီတွင် အသင်း၌ ဆက်လက်ကစားဖွယ်ရှိနေကြောင်း ၎င်း၏အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ဇနီးသည်ဖြစ်သူ ဝမ်ဒါနာရာက ပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီသည် ယခုရာသီတွင် အသင်းနှင့်ပြဿနာများဖြစ်ပွားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခြင်းခံခဲ့ရသည်။
ထို့ကြောင့် အီကာဒီအနေဖြင့် အင်တာမီလန်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိစာချုပ်သက်တမ်းရှိနေသော်လည်း လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် အီကာဒီ၏ အေးဂျင့်ဖြစ်သူ ဝမ်ဒါနာရာက အီကာဒီအနေဖြင့် အင်တာမီလန်အသင်းတွင် နောက်တစ်ရာသီဆက်ကစားရန် ရှိနေကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဝမ်ဒါနာရာက '' အီကာဒီဟာ အင်တာမီလန်အသင်းမှာ ပြန်လည်ကစားနေပြီး ဂိုးတွေလည်းသွင်းနေပါပြီ။ သူဟာ ကျွန်မတို့မိသားစုရဲ့ခွန်အားဖြစ်ပါတယ်။ အခုအချိန်မှာ အီကာဒီဟာ အရင်ကထက်ပိုမိုရင့်ကျက်လာပြီး ဘယ်သူနဲ့မဆိုအဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်နေပါပြီ။ ကျွန်မတို့အနေနဲ့ အင်တာမီလန်အသင်းမှာ နောက်တစ်ရာသီဆက်ရှိနိုင်ပါတယ်" ဟုပြောကြားခဲ့သည်။
အီကာဒီသည် ယခုဘောလုံးရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲကစားထားပြီး၊ (၁၆)ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။
အီကာဒီကိုခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။