ခေါ်ယူလိုသည့် ကစားသမားများ၏ အမည်များကိုထုတ်ဖော်ပြောဆိုရန် ဇီဒန်း ငြင်းဆန်

ခေါ်ယူလိုသည့် ကစားသမားများ၏ အမည်များကိုထုတ်ဖော်ပြောဆိုရန် ဇီဒန်း ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 21 April 2019

သတင်းထောက်များ၏ မေးမြန်းမှုကို ဇီဒန်းက ၄င်းအနေဖြင့် ခေါ်ယူလိုသည့် ကစားသမားများ၏ အမည်ကိုပြောဆိုမည်မဟုတ်ကြောင်းနှင့် အသင်းနှင့် ကိုက်ညီသည့်ကစားသမားများကိုသာ ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ၄င်းခေါ်ယူလိုသော ကစားသမားများ၏ အမည်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဘီလ်ဘာအိုနှင့်ကစားမည့် လာလီဂါပွဲစဉ်အတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းအား မည်သည့်ကစားသမားများကို ခေါ်ယူမည်နည်းဟု မေးမြန်းခဲ့ကြောင်း သိရသည်။

သတင်းထောက်များ၏ မေးမြန်းမှုကို ဇီဒန်းက ၄င်းအနေဖြင့် ခေါ်ယူလိုသည့် ကစားသမားများ၏ အမည်ကိုပြောဆိုမည်မဟုတ်ကြောင်းနှင့် အသင်းနှင့် ကိုက်ညီသည့်ကစားသမားများကိုသာ ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇီဒန်းက '' ခင်ဗျား (သတင်းထောက်)တို့ မေးချင်တာမေးနိုင်ပါတယ်။ ကျွန်တော်ကလည်း ဖြေချင်တာပဲ ဖြေမှာပါ။ ကစားသမားသစ်ခေါ်ယူမယ့်ကိစ္စနဲ့ပတ်သက်လို့ ကစားသမားရဲ့အမည်တွေ၊ ဘယ်လိုခေါ်ယူမယ်ဆိုတာတွေကို ကျွန်တော်ပြောပြမှာမဟုတ်ပါဘူး။ ကျွန်တော်ဘယ်လိုကစားသမားလိုချင်တယ်ဆိုတာကို အသင်းနဲ့တိုင်ပင်သွားမှာပါ။ ဘယ်ဟာက အသင်းနဲ့အကောင်းဆုံးဖြစ်မယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းကို ဒီနေရာ (သတင်းစာရှင်းလင်းပွဲ)မှာတော့ ကျွန်တော်ပြောပြမှာမဟုတ်ပါဘူး'' ဟုပြောကြားခဲ့သည်။

ထို့ပြင် သတင်းထောက်များက ဂါရတ်ဘေးလ်၏အနာဂတ်နှင့်ပတ်သက်ပြီးဆွေးနွေးရန် မေးမြန်းခဲ့ရာတွင်လည်း ဇီဒန်းက ငြင်းဆန်ခဲ့ကြောင်းသိရသည်။

ဇီဒန်းက '' ဘေးလ်အကြောင်းကို ကျွန်တော်ပြောနေမှာမဟုတ်ပါဘူး။ အခုခေါင်းထဲမှာရှိတာက ဘီလ်ဘာအိုနဲ့ကစားမယ့် ပွဲစဉ်အကြောင်းပဲရှိပါတယ်။ တခြားအရာတွေကို တွေးတောနေတာမျိုး မရှိပါဘူး'' ဟုဆိုခဲ့သည်။