တောင်ကိုရီးယားအသင်း ပြန်လာစဉ်ကြက်ဥ၊ခေါင်းအုံးများဖြင့် ပစ်ပေါက်ခံရ

တောင်ကိုရီးယားအသင်း ပြန်လာစဉ်ကြက်ဥ၊ခေါင်းအုံးများဖြင့် ပစ်ပေါက်ခံရ
Published 30 June 2018

Photos: AFP & Daily Mail

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှထွက် ခဲ့ရသည့် တောင်ကိုရီးယားအသင်းသည် ဇွန် ၂၉ ရက်တွင် ပြန်လည်ရောက်ရှိလာပြီး ပရိ သတ်များနှင့်တွေ့ဆုံစဉ် ကြက်ဥများ၊ ခေါင်း အုံးများဖြင့် ပစ်ပေါက်ခံရကြောင်း သိရသည်။

တောင်ကိုရီးယားအသင်းသည် ကမ္ဘာ့ ဖလားပြိုင်ပွဲ အုပ်စု (F)တွင်ကျရောက်ခဲ့ပြီး ဆွီဒင်နှင့် မက္ကဆီကိုအသင်းကို ရှုံးနိမ့်သော် လည်း နောက်ဆုံးပွဲတွင် လက်ရှိချန်ပီယံ ဂျာ မနီအသင်းကို နှစ်ဂိုးပြတ် အနိုင်ယူကာ ၎င်းင်း တို့၏အထက် အဆင့် (၃) နေရာ ရပ်တည်နိုင် ခဲ့သည်။

ထို့ကြောင့် ဇွန် ၂၉ ရက် နေ့လယ်ပိုင်း က အင်ချွန်းလေဆိပ်သို့ တောင်ကိုရီးယား အသင်း ပြန်လည်ရောက်ရှိလာစဉ် ပရိသတ် များနှင့် သတင်းထောက်စုစုပေါင်း ၅၀၀ ခန့် လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ပရိသတ်အများစုသည် ပန်းစည်းများ၊ ပဝါများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသော်လည်း ပရိ သတ်အချို့မှာမူ ကြက်ဥများ၊ ခေါင်းအုံးများ ဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျာမနီအသင်းအား အနိုင်ယူခဲ့သည့် ကစား သမားများကို စစ်မှုထမ်းခြင်းကင်းလွတ်ခွင့်ပြု ရန် တောင်းဆိုမှုများလည်းရှိနေသည်။