ဘရာဇီးလ်အသင်းလည်း ခြေချော်ခဲ့ရသည့်အဖွင့်ပွဲ

ဘရာဇီးလ်အသင်းလည်း ခြေချော်ခဲ့ရသည့်အဖွင့်ပွဲ
Published 18 June 2018

Photos:AFP

ထိပ်သီးအသင်းများ ထင်တိုင်းမပေါက်သည့် အုပ်စုအဖွင့်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးဖြစ်သည့် ဘရာဇီးလ်အသင်းမှာ ဆွစ်ဇာလန်နှင့် (၁)ဂိုးစီသရေကျကာ
(၁)မှတ်စီ ခွဲယူခဲ့ရသည်။

ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို ကော်တင်ဟိုက (၂၀)မိနစ်မှာ ဂိုးဧရိယာအပြင်ကနေ ကန်သွင်းယူခဲ့ပြီး ဆွစ်ဇာလန်၏ချေပဂိုးကိုမူ (၅၀)မိနစ်တွင် ဇူဘာက ထောင့်ကန်ဘောကို လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းသွားခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်အသင်းက ဘရာဇီးလ်ကို ခပ်မာမာ တုံ့ပြန်ကစားခဲ့ပြီး ဆွစ်ဇာလန်ခံစစ်ပိုင်း မာကျောမှုကြောင့်လည်း ဘရာဇီးလ်တို့ အခက်တွေ့ခဲ့ရသည်။

နေမာမှာ ယနေ့ပွဲတွင် ဆွစ်ဇာလန်နောက်တန်း၏ အဓိကပစ်မှတ်ထားခံခဲ့ရပြီး ပြစ်ဒဏ်ကျူးလွန်ခံရမှု (၁၀)ကြိမ်အထိရှိခဲ့ကာ ၁၉၉၈ ပြိုင်ပွဲတွင် အလန်ရှီးယား(၁၁ ကြိမ်)နောက် ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယအများဆုံးဖြစ်ခဲ့သည်။

ကမ္ဘာ့ဖလားအဖွင့်ပွဲများတွင် ၁၉၃၀ ပြိုင်ပွဲ(၁)ကြိမ်သာ အရေးနိမ့်ခဲ့ဖူးသည့် ဘရာဇီးလ်အသင်းမှာ ၁၉၇၈ ပြိုင်ပွဲနောက်ပိုင်း အုပ်စုအဖွင့်ပွဲစဉ်တွင် ပထမဆုံး နိုင်ပွဲပျောက်ခဲ့ရခြင်းဖြစ်သည်။