ဒုတိယမြောက် ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးယူ-၁၉ အသင်း ထိုင်းကိုထပ်မံရှုံးနိမ့်

ဒုတိယမြောက် ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးယူ-၁၉ အသင်း ထိုင်းကိုထပ်မံရှုံးနိမ့်
Published 8 October 2018

နိုင်ငံတကာခြေစမ်းပွဲအဖြစ် ရန်ကုန်မြို့တွင ်ဒုတိယအကြိမ်ခြေစမ်းကစားခဲ့သော မြန်မာယူ-၁၉ နှင့် ထိုင်းယူ-၁၉ အသင်းတို့ ခြေစမ်းပွဲစဉ်တွင် မြန်မာအသင်းကရှုံးပွဲနှင့် ထပ်မံကြုံတွေ့ခဲ့သည်။

Photo - ကောင်းထက်အောင်

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် ယခုပွဲစဉ်တွင် လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး နိုင်ပွဲရယူနိုင်ရန်ကြိုးပမ်းခဲ့သည်။သို့သော်လည်း မြန်မာအသင်း၏ တိုက်စစ်လိုက်ပါ နိုင်မှုမှာ အားနည်းခဲ့ပြီး အထူးသဖြင့် တောင်ပံတစ်လျှောက် အတက်အဆင်းပြုလုပ်ကာ ဖြတ်တင်ဘောများကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

Photo - ကောင်းထက်အောင်

ပထမပိုင်းပြီးဆုံးချိန်တွင် ထိုင်းအသင်းက(၂-ဝ)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုတွင် မြန်မာအသင်းအတွက် ပထမဦးဆုံးချေပဂိုးကိုနွယ်နီဝင်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် နွယ်နီဝင်းကပင် ဒုတိယချေပဂိုးကိုသွင်းယူနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးထပ်မံခွင့်ပြုလိုက်ရပြီး ထိုင်းအသင်းက (၃-၂)ဂိုးပွဲကိုဆက်လက်ဦးဆောင်ခဲ့သည်။သို့သော်လည်းပွဲချိန်(၆၆)မိနစ်တွင် မြန်မာအသင်းအတွက် မြတ်နိုးခင်က ချေပဂိုးသွင်ယူပေးနိုင်ခဲ့ပြီး ပွဲကိုထိန်းကစားခဲ့သည်။

Photo - ကောင်းထက်အောင်

လက်ကျန်မိနစ်မျာတွင် ထိုင်းအသင်းက လူစားလဲ မှုများပြုလုပ်ကာ အနိုင်ဂိုးရရန်ကြိုးစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့သောကြောင့်ပွဲအပြီးတွင် (၃-၄)ရလဒ်ဖြင့် တွင် မြန်မာအမျိုးသမီးယူ-၁၉ အသင်း ထိုင်းကိုထပ်မံရှုံးနိမ့်
ခဲ့သည်။

Most Read

Most Recent