လာလီဂါ (၄)ပွဲဆက်နိုင်ပွဲပျောက်တဲ့ ဘာစီလိုနာ

လာလီဂါ (၄)ပွဲဆက်နိုင်ပွဲပျောက်တဲ့ ဘာစီလိုနာ
Published 8 October 2018

 (Photo by JOSE JORDAN / AFP)

ဘာစီလိုနာအသင်းကတော့ အခုတစ်ပတ်မှာလည်း မက်စ်တဲလားကွင်းမှာ ပွဲကျပ်ကစားခဲ့ရပြီး ဗလင်စီယာနဲ့ အမှတ်ခွဲယူခဲ့ရပါတယ်။

ဗလင်စီယာနောက်ခံလူ ဂါရိုင်းက (၂)မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းခဲ့ပြီး (၂၃)မိနစ်မှာ မက်ဆီက ချေပဂိုးပြန်သွင်းခဲ့တာဖြစ်တယ်။

စီးရီးအေထိပ်သီးအသင်းတွေဖြစ်တဲ့ နာပိုလီ၊ အေစီမီလန်၊ အင်တာမီလန်နဲ့ လာဇီယိုအသင်းတွေကတော့ နိုင်ပွဲအသီးသီး ရယူနိုင်ခဲ့ပါတယ်။

ပြင်သစ်လီဂူးမှာ PSGက အဓိကပြိုင်ဘက် လိုင်ယွန်ကို ဂိုးပြတ်သွင်းခဲ့ပြီး နေမာက ပယ်နယ်တီနဲ့ ဘာပေတစ်ဦးတည်းက (၄)ဂိုးသွင်းယူခဲ့ပါတယ်။

တနင်္ဂနွေနေ့ရလဒ်များ

ပရီးမီးယားလိဂ်

ဖူလ်ဟမ် ၁ - ၅ အာဆင်နယ်
ဆောက်သမ်တန် ၀ - ၃ ချယ်လ်ဆီး
လီဗာပူးလ် ၀ - ၀ မန်စီးတီး

လာလီဂါ

ဗယ်လာဒိုလစ် ၁ - ၀ ဟူဆကာ
အက်သလက်တီကို ၁ - ၀ ဘက်တစ်
အက်စ်ပန်ညို ၃ - ၁ ဗီလာရီးယဲလ်
ဆီဗီလာ ၂ - ၁ ဆယ်လ်တာဗီဂို
ဗလင်စီယာ ၁ - ၁ ဘာစီလိုနာ

စီးရီးအေ

ဂျီနိုအာ ၁ - ၃ ပါးမား
အတ္တလန်တာ ၀ - ၁ ဆမ်ဒိုးရီးယား
လာဇီယို ၁ - ၀ ဖီအိုရင်တီးနား
အေစီမီလန် ၃ - ၁ ချီယေဗို
နာပိုလီ ၂ - ၀ ဆာဆူအိုလို
SPAL ၁ - ၂ အင်တာမီလန်

ဘွန်ဒစ်လီဂါ

ဖရိုင်းဘတ် ၀ - ၀ လေဗာကူဆင်
ဟော်ဖန်ဟင်မ် ၁ - ၂ ဖရန့်ဖတ်
လိုက်ပ်ဇစ် ၆ - ၀ နုရင်ဘတ်

ပြင်သစ်လီဂူး

ဘော်ဒိုး ၃ - ၀ နန့်စ်
မာဆေးလ် ၂ - ၀ ကိန်း
မိုနာကို ၁ - ၂ ရန်းစ်
PSG ၅-၀ လိုင်ယွန်

 

 

Most Read

Most Recent