အင်္ဂလန်ကလပ် (၂)သင်းစလုံး အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ

အင်္ဂလန်ကလပ် (၂)သင်းစလုံး အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ
Published 4 October 2018

ပုံစာ - စပါးအသင်းအားအနိုင်ရသည့်ပွဲတွင်တွေ့ရသည့် ဘာစီလိုနာတိုက်စ်မှူး မက်ဆီ (Photo: Myanmar)

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ရဲ့ဒုတိယနေ့ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ အင်္ဂလန်ကလပ်အသင်း (၂)သင်းဖြစ်တဲ့ စပါး၊ လီဗာပူးလ်တို့ ရှုံးပွဲကြုံခဲ့ရပါတယ်။

ယခုနှစ်ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုတစ်ခုဖြစ်တဲ့ ဘာစီလိုနာ၊ အင်တာမီလန်၊ စပါးတို့ပါဝင်တဲ့ အုပ်စု (B)မှာ ဘာစီလိုနာ၊ အင်တာမီလန်တို့ နိုင်ပွဲဆက်ခဲ့ပြီး၊ စပါးကတော့ (၂)ပွဲဆက်ရှုံးခဲ့လို့ နောက်တစ်ဆင့်တက်ဖို့အတွက် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအတွက်ကတော့ အုပ်စုတွင်း အဓိကပြိုင်ဘက်ကို အဝေးကွင်းမှာအနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းသွားခဲ့ပါပြီ။

လာလီဂါမှာရလဒ်တွေဆိုးရွားနေတဲ့ ဘာစီလိုနာနဲ့ နည်းပြဗယ်ဗာဒီလ်တို့အတွက် ဒီနိုင်ပွဲဟာ အတိုင်းအတာတစ်ခုအထိ ဖိအားတွေလျော့သွားစေမှာ အမှန်ပါပဲ။ ဘာစီလိုနာအတွက် ဂိုးတွေကို ပွဲအစ (၂)မိနစ်မှာ ကော်တင်ဟို၊ (၅၈) မိနစ်မှာ ရာကီတစ်နဲ့ (၅၆၊ ၉၀) မိနစ်တွေမှာ မက်ဆီတို့သွင်းယူပေးခဲ့ပါတယ်။

စပါးအသင်းအတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် (၅၂) မိနစ်မှာ ဟာရီကိန်း၊ (၆၆) မိနစ်မှာ လာမယ်လာတို့ကသွင်းယူခဲ့ပါတယ်။

လာမယ်လာသွင်းယူခဲ့တဲ့ဂိုးဟာ ချန်ပီယံလိဂ်သမိုင်းမှာ (၈၀၀၀) ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာနောက်ခံလူ ပီကေးမှာလည်း ချန်ပီယံလိဂ်ပွဲ (၁၀၀) ပြည့်ခဲ့ပြီး ယင်းမှတ်တမ်းကိုရရှိတဲ့ (၁၀) ဦးမြောက်စပိန်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

တခြားပွဲစဉ်မှာတော့ နာပိုလီအသင်းက လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ (၁-ဝ) ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။

နာပိုလီအသင်းအတွက်ဂိုးကိုတော့ မိနစ် (၉၀)မှာ အင်ဆစ်ဂနီကသွင်းယူပေးခဲ့ပါတယ်။

နောက်ထပ်ပွဲတွေမှာတော့ အင်တာမီလန်၊ ရှော်လ်ကေး၊ အက်သလက်တီကို၊ ဒေါ့မွန်တို့ နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ရလဒ်များ
----------------------------
PSG ၆-၁ ဇီဗက်ဒါ
လိုကိုမိုးတစ်မော်စကို ဝ-၁ ရှော်လ်ကေး
အက်သလက်တီကို ၃-၁ ကလပ်ဘရုဂေး
ဒေါ့မွန် ၃-၀ မိုနာကို
စပါး ၂-၄ ဘာစီလိုနာ
PSV ၁-၂ အင်တာမီလန်
နာပိုလီ ၁-၀ လီဗာပူးလ်
ပေါ်တို ၁-၀ ဂါလာတာစာရေး

လိဂ်ချန်ပီယံရှစ်ပွဲစဉ် ရလဒ်များ
--------------------
ဘလက်ဘန်း ဝ-၂ ရှက်ဖီး
ဒါဘီ ၁-၁ နောဝစ်ချ်
နော်တင်ဟမ် ၂-၂ မီဝေါလ်
ရော့သာဟမ် ဝ-၀ ဘရစ္စတိုးလ်စီးတီး
ရှက်ဖီးဝင်းစ်ဒေး ၂-၂ ဝက်စ်ဘရွန်း

Most Read

Most Recent