တနင်္ဂနွေည ယှဉ်ပြိုင်ကစားခဲ့သော ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ

တနင်္ဂနွေည ယှဉ်ပြိုင်ကစားခဲ့သော ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ
Published 1 October 2018

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပအမှတ်ပေးပွဲစဉ်တွေမှာတော့ အေစီမီလန်အသင်းဟာ ဆာဆူအိုလိုအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဒီရာသီပထမဆုံးစီးရီးအေအဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် အေစီမီလန်အသင်းမှ ဆူဆိုနှင့် ဘိုနာဗန်ကျူရာ (Photo:AFP)

ဒီနေ့ပွဲမှာ အေစီမီလန်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်စုဖွဲ့မှုဟာ အကောင်းဆုံးပုံစံပြနိုင်ခဲ့သလို၊ တစ်ဦးချင်းခြေစွမ်းမှာလည်း ဆူဆို၊ ချာဟာနိုဂလူး၊ ကတ်ဆီးတို့ ထိပ်တန်းအဆင့်ကိုပြသနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် စီးရီးအေနောက်ဆုံး (၃)ပွဲဆက် သရေကျထားတဲ့ အေစီမီလန်နဲ့ နည်းပြ ဂတ်တူဆိုတို့ ဖိအားအနည်းငယ်လျော့ခဲ့ရပါတယ်။

ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် ဘန်လေကစားသမားများ (Photo:AFP)

အင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ ဘန်လေအသင်းက အဝေးကွင်းမှာ ကာဒစ်ဖ်အသင်းကို (၂-၁) ဂိုးနဲ့အနိုင်ယူခဲ့သလို၊ ပြင်သစ်လီဂူးပြိုင်ပွဲမှာတော့ လိုင်လီအသင်းက မာဆေးလ်အသင်းကို (၃-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်
ကာဒစ်ဖ် ၁-၂ ဘန်လေ

■ လာလီဂါ
ဟူဆကာ ၁-၁ ဟီရိုနာ
ဗီလာရီးယဲလ် ဝ-၁ ဗယ်လာဒိုလစ်
လီဗန်တေး ၂-၁ အလာဗတ်စ်
ဘက်တစ် ၁-၀ လီဟာနက်စ်

■ စီးရီးအေ
ဘိုလော့ဂ်နာ ၂-၁ အူဒီးနီးစ်
ချီယေဗို ဝ-၁ တိုရီနို
ဖီအိုရင်တီးနား ၂-၀ အတ္တလန်တာ
ဖရိုဆီနိုနီ ၁-၂ ဂျီနိုအာ
ပါးမား ၁-၀ အမ်ပိုလီ
ဆာဆူအိုလို ၁-၄ အေစီမီလန်

■ ဘွန်ဒစ်လီဂါ
ဖရန့်ဖတ် ၄-၁ ဟန်နိုဗာ
အော့စ်ဘတ် ၄-၁ ဖရိုင်းဘတ်

■ ပြင်သစ်လီဂူး
ရန်းစ် ၁-၁ တူးလူး
မောင့်ပယ်လီယာ ၃-၀ နီးစ်
လိုင်လီ ၃-၀ မာဆေးလ်

Most Read

Most Recent