El Clasico နှစ်သင်း အဝေးကွင်းရှုံးပွဲကိုယ်စီ ကြုံတွေ့

El Clasico နှစ်သင်း အဝေးကွင်းရှုံးပွဲကိုယ်စီ ကြုံတွေ့
Published 27 September 2018

(Photo by CRISTINA QUICLER / AFP)

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့စပိန်လာလီဂါပွဲစဉ်မှာတော့ El Clasico နှစ်သင်းဖြစ်တဲ့ ဘာစီလိုနဲ့ ရီးယဲလ်မက်ဒရစ်တို့ အဝေးကွင်းရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ပါတယ်။

အစောပိုင်းပွဲအဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရှုံးနိမ့်မှုကို ရီးယဲလ်မက်ဒရစ်အသင်း အခွင့်အရေးမယူနိုင်ခဲ့ဘဲ ဆီဗီလာအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးခဲ့လို့ အဆင့် (၁)နေရာကိုတက်လှမ်းမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

ဇယားထိပ်ဆုံးက ဘာစီလိုနာနဲ့ ရီးယဲလ်တို့ ရှုံးပွဲကိုယ်စီကြုံချိန်မှာ အက်သလက်တီကိုနဲ့ ဆီဗီလာတို့ ဂိုးပြတ်နိုင်ပွဲကိုယ်စီယူနိုင်ခဲ့တာကြောင့် လာလီဂါရဲ့ အမှတ်ပေးဇယားထိပ်ပိုင်း ပြိုင်ဆိုင်မှုတွေဟာ စိတ်ဝင်စားစရာပိုကောင်းလာခဲ့ပါတယ်။

စီးရီးအေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ လာဇီယို၊ ဂျူဗင်တပ်စ်၊ နာပိုလီနဲ့ ရိုးမားတို့ အသီးသီးနိုင်ပွဲရရှိခဲ့ပါတယ်။

(Photo by OSCAR DEL POZO / AFP)

■ စပိန်လာလီဂါရလဒ်များ

ဘီလ်ဘာအို ဝ-၃ ဗီလာရီးယဲလ်
လီဟာနက်စ် ၂-၁ ဘာစီလိုနာ
ဗလင်စီယာ ၁-၁ ဆယ်လ်တာဗိဂို
ဆီဗီလာ ၃-၀ ရီးယဲလ်မက်ဒရစ်

■ အီတလီစီးရီးအေရလဒ်များ

အူဒီးနီးစ် ၁-၂ လာဇီယို
အတ္တလန်တာ ဝ-၀ တိုရီနို
ကာဂလီယာရီ ဝ-၀ ဆမ်ဒိုးရီးယား
ဂျီနိုအာ ၂-၀ ချီယေဗို
ဂျူဗင်တပ်စ် ၂-၀ ဘိုလော့ဂ်နာ
နာပိုလီ ၃-၀ ပါးမား
ရိုးမား ၄-၀ ဖရိုဆီနိုနီ

■ ဂျာမန်ဘွန်ဒစ်လီဂါရလဒ်များ

ဒစ်ဆယ်ဒေါ့ဖ် ၁-၂ လေဗာကူဆင်
ဒေါ့မွန် ၇-၀ နုရင်ဘတ်
လိုက်ပ်ဇစ် ၂-၀ စတုဂတ်
မိုချန်ဂလာဘတ် ၃-၁ ဖရန့်ဖတ်
မိန့်ဇ် ဝ-၀ ဝုလ်ဖ်ဘတ်

■ ပြင်သစ်လီဂူးရလဒ်များ

အာမီယန်စ် ၂-၁ ရန်းစ်
ဘော်ဒိုး ၁-၀ လိုင်လီ
ကိန်း ၂-၂ မောင့်ပယ်လီယာ
ဒီယွန်း ဝ-၃ လိုင်ယွန်
မာဆေးလ် ၃-၂ စထရာဘိုး
နီးစ် ဝ-၀ ဂူအင်ဂမ့်
PSG ၄-၁ Reims

 

 

 

 

 

Most Read

Most Recent