၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်

၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်
Published 3 February 2018

၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ  အုပ်စုဒုတိယနေ့ပွဲစဉ်များကို ဖေဖော်ဝါရီ ၂ ရက်က ထိုင်ဝမ်၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းသည် အဖွင့်ပွဲတွင် လက်ရှိချန်ပီယံ အီရန်အသင်းကို (၁၄-ဝ) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ  အုပ်စုဒုတိယနေ့ပွဲစဉ်များကို ဖေဖော်ဝါရီ ၂ ရက်က ထိုင်ဝမ်၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းသည် အဖွင့်ပွဲတွင် လက်ရှိချန်ပီယံ အီရန်အသင်းကို (၁၄-ဝ) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။  မြန်မာအသင်းသည် အီရန်အသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိသောကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပြီး အဖွင့်ပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့သည်။ အီရန်အသင်းသည် ယင်းပြိုင်ပွဲတွင် (၁၁) ကြိမ်ဗိုလ်စွဲထားသည့်အပြင် ကမ္ဘာ့အဆင့်ရှိအသင်းဖြစ်သောကြောင့် မြန်မာအသင်းသည် ပထမပိုင်းတွင် ကိုးဂိုး၊ ဒုတိယပိုင်းတွင် ငါးဂိုးပေးခဲ့ရပြီး အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ချေပဂိုးရနိုင်သည့်အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ အခြားပွဲများတွင် အီရတ်က တရုတ်ကို (၄-၂) ဂိုး၊ ထိုင်းအသင်းက ဂျော်ဒန်အသင်းကို (၅-၁) ဂိုးဖြင့် အနိုင်ရပြီး ကာဂျစ္စတန်နှင့် လက်ဘနွန် အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၄ ရက်တွင် အီရတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent