အာဂျင်တီးနားကစားသမားဟောင်း မာရှေရာနိုက မက်ဆီအနေဖြင့် အာဂျင်တီးနားတွင် ဝေဖန်ခံရမှုများကြောင့် များစွာခံစားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
အသက် (၃၁) နှစ်အရွယ်ရှိ ၂၀၁၈ ကမ္ဘာ့ဖလားအပြီး တွင် လက်ရွေးစင်အသင်းမှ ယာယီအနားယူခဲ့ပြီး ပြီးခဲ့သည့် မတ်လက ကစားခဲ့သည့် ဗင်နီဇွဲလားနှင့် ခြေစမ်းပွဲ၌ ပြန်လည်ပါဝင်ကစားခဲ့သည်။ သို့သော် ယင်းပွဲစဉ်တွင် အာဂျင်တီးနားအသင်း ရှုံးနိမ့်ခဲ့ရာ မက်ဆီမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။
မာရှေရာနိုက" နိုင်ငံအသင်းအတွက် မက်ဆီ မကစားတော့ ပြဿနာဖြစ်တယ်။ ကစားပြန်တော့လည်း ပြဿနာတွေက ရှိနေပြန်တယ်။ မက်ဆီဟာ အာဂျင်တီးနားအတွက် အကောင်းဆုံးစွမ်းဆောင်ခဲ့တာချည်းပါပဲ။ ဒါပေမဲ့ မီဒီယာတွေနဲ့ ပရိသတ်တွေက ဘောလုံးနဲ့ မဆိုင်တာတွေနဲ့ ပတ်သက်ပြီး မက်ဆီကိုဝေဖန်နေကြတယ်။ မက်ဆီဟာ ဒီအတွက် ဆယ်စုနှစ်တစ်ခုကျော် ခံစားခဲ့ရပါတယ်" ဟု ပြောကြားခဲ့သည်။