ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 29 March 2019

ဟီရိုနာ နှင့် ဘီလ်ဘာအို (စနေနံနက် ၂:၃၀ နာရီ)

ဟီရိုနာရဲ့ခြေစွမ်းက အတက်အကျမြန်ပြီး မှန်းရခက်သလိုဖြစ်နေတယ်။ ဘီလ်ဘာအိုကတော့ ခုနောက်ပိုင်းတည်ငြိမ်မှု တစ်ခုကိုထိန်းရင်း ဥရောပဝင်ခွင့်ရရေးတိုက်ပွဲဝင်နေတာကို တွေ့ရတယ်။ ဟီရိုနာအိမ်ကွင်းအားနဲ့ တိုက်စစ်ဖွင့်ကစားပုံပါ ကောင်းပေမယ့် ဘီလ်ဘာအိုကလည်း အဝေးကွင်းမှာထိန်းကစားတတ်တဲ့အသင်းပါ။ ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။

ချီယေဗို နှင့် ကာဂလီယာရီ (စနေနံနက် ၂:၀၀ နာရီ)

စီးရီးအေဝါရင့် ချီယေဗိုက တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်တော့မယ်မထင်ပါဘူး။ ကာဂလီယာရီက တန်းဆင်းအန္တရာယ် ရှိနေသေးလို့ ဒီလိုပွဲမျိုးမှာ အမှတ်ရအောင်ယူပါလိမ့်မယ်။  အဝေးကွင်းမှာ ကာဂလီယာရီ ပထမဆုံးအမှတ်ရမယ်။ 



ဟော်ဖန်ဟင်မ် နှင့် လေဗာကူဆင် (စနေနံနက် ၂:၀၀ နာရီ)

လေဗာကူဆင်က ခန့်မှန်းရခက်တဲ့အသင်းဖြစ်ပေမယ့် ခြေစွမ်းကောင်းပါတယ်။ ဟော်ဖန်ဟင်မ်ကွင်းမှာ လေဗာကူဆင် အမှတ်ရလိမ့်မယ်။

ရန်းစ် နှင့် လိုင်ယွန် (စနေနံနက် ၂:၁၅ နာရီ)

ပြင်သစ်ဖလား ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရဦးမှာမို့ တစ်ပတ်အတွင်း (၂)ပွဲဆက် ထိပ်တိုက်တွေ့ကြမှာပါ။ အိမ်ကွင်းမှာဆိုရင်  ရန်းစ်က အာဆင်နယ်လို အသင်းမျိုးကိုတောင် ဂိုးပြတ်သွင်းနိုင်တဲ့အထိ အဆိပ်ရှိတာကို တွေ့ရတယ်။ အထူးသဖြင့် ဘင်အာဖာ၊ အစ္စမိုင်လာဆားတို့ရဲ့တိုက်စစ်က တစ်ဦးချင်းကောင်းပြီး သွင်းဂိုးတွေအတွက် အာမခံချက်ရှိတယ်။ ဒီအချက်က ခံစစ်မှာ မတည်ငြိမ်သူတွေများတဲ့ လိုင်ယွန်အတွက်တော့ ထိုးနှက်ချက်ဖြစ်လာလိမ့်မယ်။ အဝေးကွင်းမှာ လျော့ရဲတတ်တဲ့ လိုင်ယွန်တို့ သတိထားရမယ့်ပွဲမျိုးဖြစ်ပြီး တိုက်စစ်ထက်မြက်တဲ့အသင်းတွေဖြစ်လို့ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တယ်။

Most Read

Most Recent