ဆာနေးကို တစ်ပတ်လစာ ပေါင် (၁၈ဝဝဝဝ)အထိပေးကာ စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီး နီးစပ်

ဆာနေးကို တစ်ပတ်လစာ ပေါင် (၁၈ဝဝဝဝ)အထိပေးကာ စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီး နီးစပ်
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 29 March 2019

မန်စီးတီးအသင်းနှင့် ဆာနေးတို့၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း မန်စီးတီးအသင်းက သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဆိုရီယာနိုက သက်တမ်းတိုးနိုင်ရန်အတွက် အလွန်နီးစပ်နေပြီဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။ 

မန်စီးတီးအသင်းသည် ၎င်းတို့အသင်း၏ ဂျာမန်လူငယ်ကြယ်ပွင့်ကစားသမား ဆာနေးအား လက်ရှိရရှိနေသည့်လစာငွေ၏နှစ်ဆဖြစ်သည့် တစ်ပတ်လုပ်ခပေါင်(၁၈ဝဝဝဝ)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

    

ဆာနေးသည် မန်စီးတီးအသင်းထံသို့ ၂၀၁၆ ခုနှစ်က ရှော်လ်ကေးအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသလျက်ရှိသည်။ 

မန်စီးတီးအသင်းနှင့် ဆာနေးတို့၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း မန်စီးတီးအသင်းက သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဆိုရီယာနိုက သက်တမ်းတိုးနိုင်ရန်အတွက် အလွန်နီးစပ်နေပြီဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။ 

ဆွေးနွေးမှုများကို ပြီးခဲ့သည့်နွေရာသီကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်စာချုပ်ချုပ်ဆိုမှုကို မကြာမီပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။ 

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်လများအတွင်းကလည်း အသင်း၏အဓိက ကစားသမားများဖြစ်သော အဂွဲရိုး၊ ဒေးဗစ်ဆေးလ်ဗား၊ စတာလင်၊ ဒီဘရိုင်းနားနှင့် ဂျေးဆူတို့ကို စာချုပ်သက်တမ်းတိုးခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ ဂျာမန်တောင်ပံကစားသမား ဆာနေးသည် မန်စီးတီးအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၇) ပွဲတွင် (၁၄) ဂိုးအထိ သွင်းယူထားပြီး ပရီးမီးယားလိဂ် (၂၅) ပွဲတွင် (၈) ဂိုး သွင်းယူထားသည်။

Most Read

Most Recent