ပြည်ပရုပ်သံလွှင့်ခွင့် (၃)နှစ်စာချုပ်သစ်အတွက် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်း ပေါင်(၇၅)သန်း ပိုမိုရရှိမည်

ပြည်ပရုပ်သံလွှင့်ခွင့် (၃)နှစ်စာချုပ်သစ်အတွက် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်း ပေါင်(၇၅)သန်း ပိုမိုရရှိမည်
Photo: Getty Images
Photo: Getty Images
Published 29 March 2019

လက်ရှိစာချုပ်အရ ပရီးမီးယားလိဂ်ကလပ်များသည် ရာသီကုန်ရပ်တည်မှုကို ထည့်တွက်စရာမလိုဘဲ ပြည်ပရုပ်သံလွှင့်ခမှ တစ်နှစ် ပေါင်(၄၀.၇)သန်းရရှိနေသည်။ 

လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်၊ စပါးနှင့် ချယ်လ်ဆီးစသည့် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်းသည် ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အထိ (၃)နှစ်သက်တမ်းရှိသည့်  ပြည်ပရုပ်သံလွှင့်ခွင့် စာချုပ်သစ်အတွက် တစ်နှစ် ပေါင်(၂၅)သန်းဖြင့် အခြားအသင်းများထက် ပေါင်(၇၅)သန်းစီ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

    

အဆိုပါစာချုပ်မှာ (၃)နှစ်တာကာလအတွက် ပေါင်(၄)ဘီလီယံတန်ကြေးရှိသည်ဟု ခန့်မှန်းရပြီး ထိပ်သီးအသင်းကြီးများအနေဖြင့် ယခင်ပြည်ပရုပ်သံလွှင့်စာချုပ်များထက် ဝင်ငွေပိုမိုရရှိလာမည့်အခွင့်အရေးလည်းဖြစ်နေသည်။ 

လက်ရှိစာချုပ်အရ ပရီးမီးယားလိဂ်ကလပ်များသည် ရာသီကုန်ရပ်တည်မှုကို ထည့်တွက်စရာမလိုဘဲ ပြည်ပရုပ်သံလွှင့်ခမှ တစ်နှစ် ပေါင်(၄၀.၇)သန်းရရှိနေသည်။ 

ထို့ပြင် ယခုစာချုပ်မှာ ၁၉၉၉ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့သည့် ရစ်ချက်စကူဒါမိုး၏ ရာထူးမှမနုတ်ထွက်မီ နောက်ဆုံးချုပ်ဆိုခဲ့သည့် ပြည်ပရုပ်သံလွှင့်ခွင့်စာချုပ်လည်းဖြစ်သည်။ 

ပရီးမီးယားလိဂ်ကလပ်များသည် လက်ရှိအချိန်တွင် ရုပ်သံလွှင့်ခဝင်ငွေအားလုံး၏ (၄၆)ရာခိုင်နှုန်းကို ပြည်ပရုပ်သံလွှင့်ခမှ ရရှိနေခြင်းဖြစ်ပြီး လာမည့်နှစ်များအတွင်း ပိုမိုရရှိဖွယ်ရှိနေသည်။ 

Most Read

Most Recent