စပိန်အသင်း၏ နိုင်ပွဲမှာ အသင်းနည်းပြ အင်းနရစ်အတွက်ဟု မိုရာတာ ဆို

စပိန်အသင်း၏ နိုင်ပွဲမှာ အသင်းနည်းပြ အင်းနရစ်အတွက်ဟု မိုရာတာ ဆို
Photos: AFP, Getty Images
Photos: AFP, Getty Images
Published 27 March 2019

 

စပိန်အသင်းတိုက်စစ်မှူး မိုရာတာက မော်လ်တာ အသင်းအား (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်မှာ အသင်းနည်းပြ အင်းနရစ်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အင်းနရစ်သည် မော်လ်တာအသင်းနှင့်ပွဲစဉ်ကို မိသားစုအရေးကြောင့် ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိဘဲ လက်ထောက်နည်းပြ ရောဘတ်မိုရီနိုက နည်းပြအဖြစ်တာဝန်ယူခဲ့သည်။

ယင်းပွဲစဉ်တွင် စပိန်အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံးကို သွင်းယူခဲ့သည့် မိုရာတာက "ကျွန်တော်တို့အနေနဲ့ ကစား တဲ့ပွဲစဉ်တိုင်းကို နိုင်ချင်ပါတယ်။ မော်လ်တာပွဲစဉ်မှာ အင်း နရစ်အတွက် ကျွန်တော်တို့ အနိုင်ရအောင်ကြိုးစားခဲ့ပါ တယ်။ သူဟာ နိုင်ပွဲနဲ့ ထိုက်တန်သူပါ။ ဒီနေ့နိုင်ပွဲက အင်း နရစ်အတွက် ဖြစ်ပါတယ်" ဟု ဆိုခဲ့သည်။

လက်ထောက်နည်းပြ ရောဘတ်မိုရီနိုကလည်း နိုင်ပွဲရခဲ့ခြင်းမှာ အင်းနရစ်ကြောင့်သာဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Most Read

Most Recent