PSG နှင့်ပွဲမတိုင်မီ မန်ယူအသင်း၏ ဒဏ်ရာစာရင်း၌ ဆန်းချက်ဇ်ထပ်တိုးလာ

PSG နှင့်ပွဲမတိုင်မီ မန်ယူအသင်း၏ ဒဏ်ရာစာရင်း၌ ဆန်းချက်ဇ်ထပ်တိုးလာ
Photos : AFP
Photos : AFP
Published 4 March 2019

PSG အသင်းနှင့် ပြန်လည်ကစားရမည့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမတိုင်မီ မန်ယူ အသင်း၏ ဒဏ်ရာရကစားသမားစာရင်း၌ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ် ထပ်တိုး လာကြောင်း သိရသည်။

ဆန်းချက်ဇ်သည် မတ် ၂ ရက်က ဆောက် သမ်တန်အသင်းနှင့်ပွဲ၌ ဒူးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယပိုင်း ၅၂ မိနစ်တွင် လူစားလဲခဲ့ရ သည်။

မန်ယူအသင်းတွင် စီနီယာကစား သမားများဖြစ်သည့် ဟာရဲရား၊ လင်ဂတ်၊ မာတာ၊ မာတစ်၊ မာစီယဲလ်၊ ဖီးလ်ဂျုံးစ်၊ ဗလင် စီယာ၊ ဒါမီယန်တို့ ဒဏ်ရာပြဿနာကြောင့် အနားယူနေရပြီး PSG အသင်းနှင့်ပွဲအမီ ကြံ့ ခိုင်မှုပြည့်ဝရန် မသေချာသေးသလို အားထား ရသည့် ကွင်းလယ်လူ ပေါ့ဘာမှာလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် ယင်းပွဲအား လွဲချော်မည်ဖြစ် သည်။

သို့ဖြစ်ရာ ဆန်းချက်ဇ်၏ဒဏ်ရာသတင်းမှာ မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ် စေပြီး ဒူးအရွတ် ထိခိုက်မိခြင်းဖြစ်နိုင်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောကြားသည်။

''သူ့ရဲ့ အခြေအနေကို သေချာမကြည့်ရသေးပါဘူး။ ဒါက အရွတ်ထိခိုက်တာဖြစ်နိုင်တယ်။ ဒူးကို ထိခိုက်မိတာ တော်တော်ဆိုးပါတယ်။ တနင်္ဂနွေနေ့မှာ Scan စစ်ဆေးမှု လုပ်ရမှာပါ။ Scan မစစ်ရသေးခင် ကျွန်တော်တို့ ဘာမှမသိရ သေးပါဘူး''ဟု ၎င်းက ဆိုသည်။

PSG နှင့် မန်ယူအသင်းတို့၏ ချန်ပီယံ လိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲကို မတ် ၆ ရက်တွင် ပါရီမြို့၌ ယှဉ်ပြိုင်ကစားရ မည်ဖြစ်ပြီး ပထမအကျော့တွင် PSG အသင်း က အိုးလ်ထရက်ဖို့ဒ်ကွင်း၌ နှစ်ဂိုးပြတ်အနိုင်ရ ထားသည်။

Most Read

Most Recent