၂၀၁၈ Ballon d'Or ဆုအတွက် ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်ပင် ရေပန်းစားနေ

၂၀၁၈ Ballon d'Or ဆုအတွက် ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်ပင် ရေပန်းစားနေ
Published 9 October 2018

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်မည့် ၂၀၁၈ Ballon d'Or ဆုအတွက် ဆန်ခါတင် (၃၀)ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန် ကြေညာခဲ့ရာ FIFA မှ ချီးမြှင့်သည့် ကမ္ဘာ့အ ကောင်းဆုံးဘောလုံးသမားဆု The Best ကို ရရှိခဲ့သည့် ရီးယဲလ်ကွင်းလယ်ကစားသမား မိုဒရစ်ပင် ရေပန်းအစားဆုံးကစားသမားအ ဖြစ် ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ဆန်ခါ တင်(၃၀)ဦးစာရင်း ထုတ်ပြန်ရာတွင် ပရိ သတ်များအား စိတ်လှုပ်ရှားစေရန် လူစာရင်း ကို တစ်ချိန်တည်းတွင် ထုတ်ပြန်ခြင်းမပြုခဲ့ဘဲ နာမည်အက္ခရာစဉ်အလိုက် (၅)ဦးစီ ခွဲခြား ထုတ်ပြန်ခဲ့သည်။

သို့သော် ပါဝင်သင့်သူများ ပါဝင်လာခဲ့သည့်အတွက် ပရိသတ်များအ တွက် ကျေနပ်စရာဖြစ်ခဲ့ရပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၃)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်းလည်း သိရှိရသည်။

ဆန်ခါတင်စာ ရင်း ထွက်ပေါ်လာခဲ့ပြီးနောက် အလေးပေးမှု များလည်း ထွက်ပေါ်လာခဲ့ရာ မိုဒရစ်သည် ရေ ပန်းအစားဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ သော်လည်း စီရော်နယ်လ်ဒိုက အကောင်းဆုံး စိန်ခေါ် နိုင်သူအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း လည်း သိရှိရသည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ယခုနှစ် တွင် အကောင်းဆုံးအမျိုးသမီးဘောလုံးသ မားဆုကိုလည်း ပထမဆုံးအကြိမ် စတင်ချီး မြှင့်သွားမည်ဖြစ်၍ ယင်းအတွက် ဆန်ခါတင် (၁၀)ဦးစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပြီး The Best ဆုရှင် မာတာပင် ရေပန်းအစားဆုံးအဖြစ် ရပ်တည်ခဲ့သည်။

ထို့ပြင် အကောင်းဆုံးလူငယ် ကစားသမားဆုကိုလည်း ချီးမြှင့်သွားမည်ဖြစ် ပြီး ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန်ခဲ့ရာ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေသည် ဆု နှစ်မျိုးစလုံးအတွက် ရွေးချယ်ခံခဲ့ရသည်။

ထို့ ကြောင့် ဘာပေသည် ပထမဆုံးအကြိမ် ချီး မြှင့်မည့် Ballon d'Or  အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိရန် သေချာနေပြီ ဟု ထင်ကြေးပေးခံနေရကြောင်းလည်း သိရှိ ရသည်။

Ballon d'Or ဆုအတွက် ဆန်ခါတင်(၃၀)ဦး

အဂွဲရိုး (မန်စီးတီး^အာဂျင်တီးနား)၊ ဂါရတ်ဘေးလ်(ရီး ယဲလ်^ဝေးလ်စ်)၊ ဘန်ဇီမာ(ရီးယဲလ်^ပြင်သစ်)၊ အယ်လစ် ဆန်(လီဗာပူးလ်^ဘရာဇီးလ်)၊ ကာဗာနီ(PSG^ဥရုဂွေး)၊ စီရော်နယ်လ်ဒို(ဂျူဗင်တပ်စ်^ပေါ်တူဂီ)၊ ဒီဘရိုင်းနား(မန် စီးတီး^ဘယ်လ်ဂျီယံ)၊ ဖေမီနို(လီဗာပူးလ်^ဘရာဇီးလ်)၊ ဂိုဒင် (အက်သလက်တီကို^ဥရုဂွေး)၊ ကော်တိုအာ (ရီးယဲလ်^ ဘယ်လ် ဂျီယံ) ဟာဇက်(ချယ်လ်ဆီး^ဘယ်လ်ဂျီယံ)၊ ဂရီးဇ်မန်း(အက် သလက်တီကို^ပြင်သစ်)၊ အစ္စကို(ရီးယဲလ်^စပိန်)၊ ဟာရီကိန်း (စပါး^အင်္ဂလန်)၊ ကွန်တေ(ချယ်လ်ဆီး^ပြင်သစ်)၊ လိုရစ် (စပါး^ပြင်သစ်)၊ မန်ဇူကစ်(ဂျူဗင်တပ်စ်^ခရိုအေးရှား)၊ မာနေ (လီဗာပူးလ်^ဆီနီဂေါ)၊ မာဆယ်လို(ရီးယဲလ်^ဘရာဇီးလ်)၊ ဘာပေ(PSG^ပြင်သစ်)၊ မက်ဆီ(ဘာစီလိုနာ^အာဂျင် တီးနား)၊ မိုဒရစ်(ရီးယဲလ်^ခရိုအေးရှား)၊ နေမာ(PSG^ ဘရာဇီးလ်)၊ အိုဘလက်ခ်(အက်သလက်တီကို^ဆလိုဗေးနီးယား)၊ ပေါ့ဘာ(မန်ယူ^ပြင်သစ်)၊ ရာကီတစ်(ဘာစီလိုနာ^ ခရိုအေးရှား)၊ ရာမို့စ်(ရီးယဲလ်^စပိန်)၊ ဆာလာ (လီဗာပူးလ်^ အီဂျစ်)၊ ဆွာရက်ဇ်(ဘာစီလိုနာ^ဥရုဂွေး)၊ ဗာရန်း(ရီးယဲလ်^ ပြင်သစ်)

လူငယ်ဆုအတွက် ဆန်ခါတင်(၁၀)ဦး

အော်ယာ(လိုင်ယွန်^ပြင်သစ်)၊ အာနိုးလ်(လီဗာပူးလ်^အင်္ဂ လန်)၊ ကူထရိုနီ(အေစီမီလန်^အီတလီ)၊ ဒိုအန်(ဂရိုနင်ဂျန်^ ဂျပန်)၊ ဒွန်နာရမ်မာ(အေစီမီလန်^အီတလီ)၊ ဟိုင်ဒါရာ (ဆာလ်ဇ်ဘာ့ဂ်^မာလီ)၊ ဂျက်စတင်ကလွိုက်ဗတ်(ရိုးမား^နယ် သာလန်)၊ ဘာပေ(PSG^ပြင်သစ်)၊ ပူလီရှစ်(ဒေါ့မွန်^ အမေရိကန်)၊ ရိုဒရီဂို(ဆန်းတို့စ်^ဘရာဇီးလ်)

Most Read

Most Recent