ရိုးမားအသင်းထံမှ ကမ်းလှမ်းမှုရသည့်သတင်း ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ ငြင်းဆန်

ရိုးမားအသင်းထံမှ ကမ်းလှမ်းမှုရသည့်သတင်း ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ ငြင်းဆန်
Photos : AFP
Photos : AFP
Published 23 February 2019

ချယ်လ်ဆီးအသင်း၌ ဖိအားများရင်ဆိုင် နေရသည့် ဆာရီအား ရိုးမားအသင်းက လာမည့်ရာသီအတွက် ခန့်အပ်ရန် ဆက်သွယ် ကမ်းလှမ်းထားကြောင်း Sky Sports သတင်းဌာနက ဖော်ပြရာ ၎င်းက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် စီးရီးအေကလပ် ရိုးမားအသင်းထံမှ ဆက်သွယ်ကမ်းလှမ်းမှုရသည့်သတင်းအား ငြင်း ဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်း၌ ဖိအားများရင်ဆိုင် နေရသည့် ဆာရီအား ရိုးမားအသင်းက လာမည့်ရာသီအတွက် ခန့်အပ်ရန် ဆက်သွယ် ကမ်းလှမ်းထားကြောင်း Sky Sports သတင်းဌာနက ဖော်ပြရာ ၎င်းက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက မာလ်မိုအသင်းအား အိမ်ကွင်း၌ သုံးဂိုးပြတ်အနိုင်ရသည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ဒုတိယ အကျော့ပွဲအပြီးတွင် ဆာရီက ''တကယ်တော့ ကျွန်တော့်ဆီကို ဆက်သွယ်ကမ်းလှမ်းထား တာမရှိပါဘူး။ ကျွန်တော်က လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကျန်နေသေးလို့ ဒါက ဖြစ်နိုင်ခြေမရှိပါဘူး''ဟု ပြောကြားသည်။ 

ထို့ပြင် မာလ်မိုအသင်းနှင့်ပွဲကဲ့သို့ အစပိုင်းတွင် ရုန်းကန်ရသည့်ပုံစံမျိုး လိဂ်ဖလားဗိုလ်လုပွဲ၌ ထပ်မဖြစ်ရန်လိုအပ်ကြောင်း ဆာရီက သတိပေးပြောကြားသည်။ 

''မိနစ် ၃၀ လောက်အထိ ကျွန်တော့်အသင်းကစားပုံ က ယုံကြည်မှုမရှိတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ထင်တယ်။ ဘောလုံးကို မြန်မြန်မရွှေ့နိုင်ဘဲ သူတို့ရဲ့ ဖိအားပေးမှုအောက်ရောက်နေခဲ့တာ စိုးရိမ်စရာပါပဲ။ ပထမပိုင်းပြီးခါနီး ၁၅ မိနစ် လောက်မှာ နည်းနည်းပြန်ကောင်းလာပြီး ပထမဂိုးရသွားပြီးတော့ အရမ်းကောင်းသွားပါတယ်။ ယုံကြည်မှုရှိလာသလို ဘောလုံးကို လည်း ခပ်မြန်မြန်ရွှေ့လာနိုင်ပြီး ကစားပုံ ကောင်းလာပါတယ်။ ဆိုတော့ ပထမပိုင်းမိနစ် ၃၀ မှာ ကစားသမားတွေကို ဘယ်လိုကိုင်တွယ် ရမလဲဆိုတာ ပိုပြီးနားလည်လာပါပြီ။ အဲဒီလို ပုံစံမျိုး မန်စီးတီးနဲ့ပွဲမှာသာ ထပ်ဖြစ်ရင်တော့ ဒုက္ခရောက်သွားမှာပါ။ တိုက်စစ်ပိုင်းက ပထမ ပိုင်းမိနစ် ၃၀ လောက်အထိ ယုံကြည်မှုရှိရှိ မကစားနိုင်တာကိုတော့ ကျွန်တော်စိတ်ပူ တယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုနဲ့ ပွဲ အပေါ်ချဉ်းကပ်မှုကတော့ ကောင်းပါတယ်''ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဂျော်ဂျင်ဟိုကို လူစားထည့်သွင်း စဉ် ပရိသတ်များ၏ လှောင်ပြောင်မှုနှင့်ပတ် သက်၍ ဆာရီက ကာကွယ်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ 

''ပထမပိုင်းမိနစ် ၃၀ အထိ ကစားပုံကိုကြည့်ရင် ဂျော်ဂျင်ဟိုက အသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာ နားလည်သွားပါလိမ့်မယ်။ ဂျော်ဂျင်ဟိုသာ ပါရင် အဲဒီပြဿနာက လွယ်လွယ်လေးဖြစ်သွားမယ်လို့ထင်တယ်။ ပရိသတ်တွေအနေနဲ့ ဂျော်ဂျင်ဟိုအပေါ် နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent