ဘွန်ဒစ်လီဂါပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 23 February 2019

ဘိုင်ယန်မြူးနစ် နှင့် ဟာသာဘာလင် (စနေည ၉းဝ၀ နာရီ)

ဘိုင်ယန်အသင်း ဟာသာဘာလင်နဲ့ နောက်ဆုံးတွေ့ဆုံမှု   (၅)ပွဲမှာ နိုင်ပွဲမရှိခဲ့ပါဘူး။ ဟာသာဘာလင်ကလည်း လက်ရှိမှာ အဝေးကွင်းစွမ်းဆောင်ရည် ကောင်းမွန်နေတဲ့အသင်းပါ။ ဟာသာဘာလင်နဲ့ပဲ စွန့်စားသင့်တယ်။

မိုချန်ဂလာဘတ် နှင့် ဝုလ်ဖ်ဘတ် (စနေည ၉းဝ၀ နာရီ)

မိုချန်ဂလာဘတ်အသင်း အရှိန်နည်းနည်း ပြန်ကျသွားတာတွေ့ရတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ် ကပ်လိုက်မခံရအောင် မိုချန် အနိုင်ကစားလိမ့်မယ်။

ဖရိုင်းဘတ် နှင့် အော့စ်ဘတ် (စနေည ၉းဝ၀ နာရီ)

တန်းဆင်းဇုန်နားကပ်နေတဲ့ (၂)သင်းတွေ့ဆုံမှုဖြစ်လို့ အမှားမခံပါဘူး။ ဖရိုင်းဘတ်အသင်း သရေပွဲတွေများနေလို့ အော့စ်ဘတ် အမှတ်ရနိုင်တယ်။

မိန့်ဇ် နှင့် ရှော်လ်ကေး (စနေည ၉းဝ၀ နာရီ)

မိန့်ဇ်အသင်း ရှုံးပွဲတွေဆက်နေပေမယ့် တန်းဆင်းဇုန်နဲ့ အမှတ်ကွာနေသေးလို့ ဖိအားသိပ်မရှိပါဘူး။ ရှော်လ်ကေး အနိမ့်ဆုံးသရေကစားမယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် နုရင်ဘတ် (စနေည ၁၂းဝ၀ နာရီ)

နုရင်ဘတ်အသင်း အဝေးကွင်း(၅)ပွဲဆက် ရှုံးနိမ့်ထားပေမယ့် ခြေအနည်းငယ်ပြန်တက်လာတာ သတိပြုရမယ်။ နုရင်ဘတ် အမှတ်ခွဲယူနိုင်ခြေရှိတယ်။

 

Most Read

Most Recent