ဥရောပထိပ်တန်းလိဂ်ငါးခု၌ အနီကတ်အများဆုံးအဖြစ် ရာမို့စ် စံချိန်တင်

ဥရောပထိပ်တန်းလိဂ်ငါးခု၌ အနီကတ်အများဆုံးအဖြစ် ရာမို့စ် စံချိန်တင်
Photos : AFP
Photos : AFP
Published 18 February 2019

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် ဟီရိုနာအသင်းအား ရှုံးနိမ့်သည့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး ဥရောပ ထိပ်တန်းလိဂ်ပြိုင်ပွဲငါးခု၌ အနီကတ်အများ ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ရာမို့စ်သည် ဒုတိယပိုင်း ၆၄ မိနစ်တွင် ပယ်နယ်တီဧရိယာအတွင်း ဘောလုံးအား လက်ဖြင့်ထိမိသောကြောင့် အဝါကတ်ပြသ ခံရပြီး ပယ်နယ်တီခွင့်ပြုခဲ့ရသည်။

မိနစ် ၉၀ တွင်လည်း နောက်ပြန်ကန်ချက်ဖြင့် ဂိုးသွင်းယူရန်ကြိုးပမ်းရာ ပြိုင်ဘက်ကစားသမား၏ မျက်နှာကို ထိလုနီးပါးဖြစ်သွားသဖြင့် ဒုတိယ အဝါကတ်နှင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။

ယင်းအနီကတ်မှာ ရာမို့စ်အတွက် ရီးယဲလ်ကစားသမားဘဝ ၂၅ ကြိမ်မြောက် နှင့် လာလီဂါပြိုင်ပွဲ၌ အကြိမ် ၂၀ မြောက်ပြသခံရခြင်းဖြစ်သည်။

သို့ဖြစ်ရာ ရာမို့စ်သည် မာ ဆေးလ်ကွင်းလယ်လူဟောင်း စီရီလ်ဝိုင်လ်၏ ၁၉ ကတ်ကိုကျော်ဖြတ်၍ ဥရောပထိပ်တန်း လိဂ်ငါးခု၌ စံချိန်သစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။