ဒါလီယန်ယီဖန်းအသင်းသို့ (၃)နှစ်စာချုပ်ဖြင့် ဟမ်ဆစ် ပြောင်းရွှေ့

ဒါလီယန်ယီဖန်းအသင်းသို့ (၃)နှစ်စာချုပ်ဖြင့် ဟမ်ဆစ် ပြောင်းရွှေ့
Photo: Getty Images
Photo: Getty Images
Published 15 February 2019

နာပိုလီအသင်း၏ ဆလိုဗက်ကီးယားဝါရင့်ကွင်းလယ်လူ ဟမ်ဆစ်သည် တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းအသင်းသို့ (၃)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ဒါလီယန်ယီဖန်းအသင်းသည် အသက် (၃၁)နှစ်ရှိပြီဖြစ်သည့် ဟမ်ဆစ်အား ခေါ်ယူရန် နာပိုလီအသင်းကို ပေါင်(၁၇.၆)သန်းပေးချေခဲ့ရပြီး ဟမ်ဆစ်အနေဖြင့် တစ်နှစ်လစာ ပေါင်(၇.၉)သန်းရရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအခြေစိုက်မီဒီယာများ က ဖော်ပြခဲ့သည်။ 

ဟမ်ဆစ်သည် နာပိုလီအသင်းတွင် (၁၁)နှစ်ခွဲကြာ ပါဝင်ကစားပေးခဲ့ကာ အသင်းအတွက် ပွဲအများဆုံး ကစားထားသူအဖြစ်လည်းကောင်း၊  အထင်ကရတိုက်စစ်မှူးဟောင်း မာရာဒိုနာကို ကျော်ဖြတ်ကာ အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်းကောင်း ရပ်တည်နေသူဖြစ်သည်။ 

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က "တရုတ်မှာ ဟမ်ဆစ် ပျော်ရွှင်ပါစေ။ သူ့အတွက် ဒီမှာ အမြဲတမ်းတံခါးဖွင့်ထားပါတယ်"ဟု ဆိုခဲ့သည်။ 

ဟမ်ဆစ်သည် နာပိုလီအသင်း အတွက် ပွဲပေါင်း (၅၂၀)ကစားခဲ့ကာ (၁၂၁)ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent