ရီးယဲလ်အသင်း၏ အနာဂတ်အစီအစဉ်များကို အင်တာဗျူးတွင် ဥက္ကဋ္ဌ ပီရက်ဇ် ဖွင့်ဟ

ရီးယဲလ်အသင်း၏ အနာဂတ်အစီအစဉ်များကို အင်တာဗျူးတွင် ဥက္ကဋ္ဌ ပီရက်ဇ် ဖွင့်ဟ
ဘန်ဇီမာအား ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့စဉ်က ပီရက်ဇ်နှင့်အတူ တွေ့ရစဉ်
ဘန်ဇီမာအား ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့စဉ်က ပီရက်ဇ်နှင့်အတူ တွေ့ရစဉ်
Published 13 February 2019

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်သည် အသင်း၏အနာဂတ်အ စီအစဉ်များနှင့်ပတ်သက်ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖွင့်ဟသွားခဲ့သည်။ ပီရက်ဇ်က ကလပ်အသင်း၏လက်ရှိအခြေအနေ၊ အသင်းကိုတောင့်တင်းအောင် လုပ်ဆောင်နေမှု၊ ငွေကြေးသုံးစွဲရန် မလိုအပ်မှုများကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦး ဝယ်ယူမည်လား မေးမြန်းမှုကို ပီရက်ဇ်က ‘‘ ကျွန် တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး လူစာရင်းရှိပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ ဆုဖလားတွေက ဒါကို သက်သေပြပြီးသားပါ။ ရီးယဲလ်ဟာ No.9 Role ကစားသမားတစ်ဦး လိုအပ်နေတယ်လို့ နှစ်များစွာ ဖတ်ခဲ့၊ ကြားခဲ့ရပါတယ်။  ကာရင်ဘန်ဇီမာလို အကောင်းဆုံးတိုက်စစ်မှူးတစ်ဦး ရှိနေပြီးသားပါ။ ဗင်နီစီယပ်စ်၊ ရိုဒရီဂို(လာမည့် နွေရာသီတွင် ရီးယဲလ်သို့ရောက်ရှိလာမည့်သူ)တို့လို အနာဂတ်မှာတောက်ပ လာနိုင်မယ့်သူတွေကို ခေါ်ယူထားပါတယ်။ သူတို့ဟာ Kopa Trophy (၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမား)ဆု အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာကြပါလိမ့်မယ်။ Ballond’Or ဆုကို ရီးယဲလ်ကစားသမားတွေက သုံးနှစ်ဆက် ရရှိထားတာပါ။  ဒီဆုအတွက် စိန်ခေါ်နိုင်တဲ့ လူငယ်ကြယ်ပွင့်တွေလည်း ရီးယဲလ်အသင်းမှာ အများအပြားရှိပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အကောင်းဆုံးဖြစ်ဖို့ပါပဲ။ ကလပ်အသင်းရဲ့သမိုင်းကြောင်းက အမြဲတမ်းရှင်သန်နေရပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး’’ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပီရက်ဇ်က PSG အသင်းနှင့်ပတ်သက်ပြီး ၎င်းတို့အကြားတွင် ရင်းနှီးသည့် ဆက်ဆံရေးများရှိသည်ဟု ဖွင့်ဟခဲ့ကာ ချီးကျူးမှုများလည်း ပြုလုပ်ခဲ့သည်။

ရီးယဲလ်

Most Read

Most Recent