ဒီဘားလားအားခေါ်ယူရန် ရီးယဲလ်အသင်း စောင့်ကြည့်နေ

ဒီဘားလားအားခေါ်ယူရန် ရီးယဲလ်အသင်း စောင့်ကြည့်နေ
Photo: AP
Photo: AP
Published 13 February 2019

ရီးယဲလ်မက်ဒရစ်အသင်းသည် ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလားအား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် စီရော်နယ်လ်ဒိုရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေသူဖြစ်သည်။

စပိန်အားကစားသတင်းစား AS ၏ဖော်ပြချက်အရ ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်းတွင် ပွဲကစားချိန်နည်းပါးခြင်းအပေါ် မကျေမနပ်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ရန် စဉ်းစားနေကြောင်းသိရသည်။

ထို့ကြောင့် ဒီဘားလားကို ယခင်ကတည်းက ခေါ်ယူရန်စိတ်ဝင်စားခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ဒီဘားလားအား ယူရိုသန်း (၁၂၀) ဖြင့် ကမ်းလှမ်းရန်အသင့်ရှိနေသလို ဂျူဗင်တပ်စ်အသင်းဘက်က အစ္စကိုကို တောင်းဆိုခဲ့ပါကလည်း ဒီဘားလားကို အစ္စကို+ငွေကြေးဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း AS က ဖော်ပြခဲ့သည်။

ဒီဘားလားသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၈) ပွဲကစားရာ (၇) ဂိုးသာသွင်းယူနိုင်ခဲ့သလို၊ စီးရီးအေ ပွဲ (၂၀)ကစားထားရာတွင်လည်း (၂) ဂိုးသာသွင်းယူထားနိုင်ခဲ့သည်။

Most Read

Most Recent