PSG တိုက်စစ်က အားကောင်းသလို မိမိ၏ အသင်းတွင်လည်း PSG ခံစစ်ကို ဒုက္ခပေးနိုင်သည့်တိုက်စစ်ကစားသမားများပိုင်ဆိုင်ထားသည်ဟု ဆိုးလ်ရှား ကြုံးဝါး

PSG တိုက်စစ်က အားကောင်းသလို မိမိ၏ အသင်းတွင်လည်း PSG ခံစစ်ကို ဒုက္ခပေးနိုင်သည့်တိုက်စစ်ကစားသမားများပိုင်ဆိုင်ထားသည်ဟု ဆိုးလ်ရှား ကြုံးဝါး
Photos : AFP
Photos : AFP
Published 12 February 2019

မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက PSG အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်နှင့် ပတ်သက်သည့် အမြင်ကိုပြောခဲ့ရာတွင် PSG အသင်း၏တိုက်စစ်က အားကောင်းသလို မိမိ၏အသင်းတွင်လည်း PSG ခံစစ်ကို ဒုက္ခပေးနိုင်သည့် တိုက်စစ်ကစားသမားများ ပိုင်ဆိုင် ထားသည်ဟု ပြောကြားသွားခဲ့သည်။

ဆိုးလ်ရှားသည် PSG အသင်း နှင့် PSG အသင်းနည်းပြ တူဟယ်လ်တို့ကို ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့သည်။

၎င်းင်းက ''သူတို့ဟာ ဘာမဆိုလုပ်နိုင်တဲ့သူတွေလို့ ကျွန်တော် ပြောချင်ပါတယ်။ သူတို့ဟာ နေရာလွတ်တွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။ သူတို့အသင်းက ကစားသမားတွေရဲ့နည်းစနစ်ပိုင်း ကျွမ်းကျင်မှုက အရမ်းအားကောင်းပါတယ်။ ဘာပေက အလွန်မြင့်မားတဲ့ မြန်နှုန်းကို ပိုင်ဆိုင်ထားသူပါ။ ကျွန်တော့်အသင်းမှာ သူ့ရဲ့အမြန်နှုန်းကို လိုက်နိုင်တဲ့သူမရှိပါဘူး။ တူဟယ်လ်က နည်းဗျူဟာပိုင်း ကျွမ်းကျင်တဲ့နည်း ပြတစ်ဦးဖြစ်ပြီး ၃-၄-၃၊ ၄-၄-၂၊ ၄-၃-၃ ပုံစံတွေကို အလွယ်တကူ ပြောင်းလဲ ကစားတတ်သူပါ။ ဒါကြောင့် PSG ရဲ့ နည်းဗျူဟာပိုင်းကိုကြည့်ပြီး  အသေးစိတ်လေ့လာပြင်ဆင်တာကို ကျွန်တော် မလုပ်ပါဘူး။ ကျွန်တော်တို့အ သင်းဘာတွေလုပ်နိုင်မလဲဆိုတာနဲ့ ဘယ်လိုတိုးတက်လာမလဲဆိုတာကို ပဲ အာရုံစိုက်မှာပါ''ဟု ဆိုခဲ့သည်။

အသင်း၏ တိုက်စစ်နှင့်ပတ်သက်၍လည်း ဆိုးလ်ရှားက ''ကျွန်တော့်အသင်းမှာ လည်း ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ လူကာကူ၊ ဆန်းချက်ဇ်၊ လင်ဂတ်တို့လိုကစားသမားတွေရှိပါတယ်။ သူတို့က PSG ခံစစ်ကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့သူတွေပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent