ရန်ကုန်နှင့်ကစားရန် တစ်ရက်အလိုတွင် ချင်းရိုင်အသင်း နည်းပြအပြောင်းအလဲပြုလုပ်ခဲ့

ရန်ကုန်နှင့်ကစားရန် တစ်ရက်အလိုတွင် ချင်းရိုင်အသင်း နည်းပြအပြောင်းအလဲပြုလုပ်ခဲ့
Photos : Chiangrai United
Photos : Chiangrai United
Published 12 February 2019

ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် တစ်ရက်အလို ဖေဖော်ဝါရီ(၁၁)ရက်က အံ့အားသင့်ဖွယ် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရ သည်။ 

ချင်းရိုင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း(၁)သင်းပင်ဖြစ်သည့် ရတနာပုံအသင်း၏ နည်းပြဟောင်းဖြစ်သူ ဘရာဇီးလ်နိုင်ငံသား ဘောဂတ်စ်ကို နည်းပြအဖြစ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။ 

ဘောဂတ်စ်သည် ချင်းရိုင်အသင်းကို ယခု ၂၀၁၉ ခုနှစ်တွင်မှ စတင်ကိုင်တွယ်ပြီး ရာသီကြို Thailand Champions Cup ပွဲတွင် ဘူရီရမ်အသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့သည်။

ချင်းရိုင်ယူနိုက်တက်အသင်းသည် ဘောဂတ်စ်၏နေရာတွင် ဘရာဇီးလ်နိုင်ငံသား(၁)ဦးပင်ဖြစ် သည့် အစ်စတန်ဆေးလ်ဗားကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ 

ချင်းရိုင်ယူနိုက်တက်အသင်း၏ နည်းပြသစ်ဖြစ်လာသူ အယ်လ်တန်ဆေးလ်ဗားသည် ပထ မဆုံးအကြိမ် အာရှကလပ်အသင်းကို ကိုင်တွယ်ခွင့်ရခြင်း ဖြစ်သည်။ 

ဆေးလ်ဗားအနေဖြင့် ရန်ကုန်အသင်းနှင့်တွေ့ဆုံမည့်ပွဲမှာ ချင်းရိုင်အသင်းအတွက် ၎င်း၏ ပထမဆုံးကိုင်တွယ်ခွင့်ရသည့်ပွဲဖြစ်ကြောင်း သိရသည်။

ချင်းရိုင်အယူနိုက်တက်အသင်းမှာ ပြီးခဲ့သည့်ရာသီက ထိုင်းလိဂ်-၁တွင် အဆင့်(၅)နေရာရရှိခဲ့ပြီး Thailand Champions Cup၊ FA Cup၊ League Cup ပြိုင်ပွဲများ၌ဗိုလ်စွဲခဲ့သည်။

ရန်ကုန်ယူနိုက်တက်နှင့် ချင်းရိုင်ယူနိုက်တက်အ သင်းတို့သည် ၂၀၁၉ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ယနေ့(ဖေဖော်ဝါရီ ၁၂) မြန်မာစံတော် ချိန် ညနေ (၆း၃၀)နာရီတွင် ချင်းရိုင်ယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် ဆင်းဂါးကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။     

Most Read

Most Recent