အေဘရာမိုဗစ်ချ်နှင့် စကားမပြောခဲ့ဖူးဟု ဆာရီ ဖွင့်ဟ

အေဘရာမိုဗစ်ချ်နှင့် စကားမပြောခဲ့ဖူးဟု ဆာရီ ဖွင့်ဟ
Photos : AFP
Photos : AFP
Published 11 February 2019

ချယ်လ်ဆီးအသင်းနည်းပြ မော်ရီဇီယိုဆာရီက အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နှင့် စကားမပြောခဲ့ဖူးကြောင်း ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး ဝန်ခံခဲ့သည်။

ဆာရီ၏ချယ်လ်ဆီးအသင်းမှာ မန်စီးတီးကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေး ပိုမိုရုန်းကန်ရတော့မည်ဖြစ်ပြီး အမှတ်ပေးဇယားတွင်လည်း အဆင့်(၄)နေရာသို့ ကျဆင်းခဲ့ရသည်။

ဆာရီက '' အသင်းဥက္ကဋ္ဌက ခေါ်ခဲ့ရင် ကျေနပ်စရာပါပဲ။ သူ့အသံကို ကျွန်တော် မကြားဖူးသေးပါဘူး။ အရိုးသားဆုံးဝန်ခံရရင် ဘာတွေဖြစ်လာမလဲ မသိပါဘူး'' ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဝေးကွင်း (၃)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး (၁၂)ဂိုးပေးခဲ့ရကာ (၉)ဂိုးသွင်းယူနိုင်ခဲ့သည်။

အစောပိုင်းက ပြုလုပ်ခဲ့သည့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဆာရီက သူ၏ရာထူးသည် မသေချာတော့ဟု ဝန်ခံခဲ့ပြီး သတင်းထောက်များအနေဖြင့် အနာဂတ်နှင့်ပတ်သက်သည့်မေးခွန်းများကို ချယ်လ်ဆီးဘုတ်အဖွဲ့ထံသို့သာ မေးစေလိုကြောင်း မှတ်ချက်ပြုခဲ့သည်။

'' ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး မသိပါဘူး။ ကလပ်အသင်းကိုသာ မေးပါ။ ကျွန်တော့်အသင်းရဲ့အခြေအနေ၊ စွမ်းဆောင်ရည်အတွက် တကယ်ပဲစိုးရိမ်မိပါတယ်။ ကျွန်တော့်အလုပ်က အမြဲအန္တရာယ်များပါတယ်။ ဒါကြောင့် ရာထူးမှ ထုတ်ပယ်ခံရမှာနဲ့ပတ်သက်ပြီး မစိုးရိမ်ပါဘူး။ ကလပ်အသင်းကိုပဲ မေးပါ'' ဟု ဆာရီက ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်း၏ မန်စီးတီးပွဲအရှုံးမှာ ၁၉၉၁ ခုနှစ်ကတည်းက ပြိုင်ပွဲစုံတွင် ဂိုးအပြတ်ဆုံးရှုံးပွဲဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent