ဂျော်ဂျင်ဟိုကစားနေသည့်နေရာအတွက် ဒုတိယဦးစားပေးမှာ ကိုဗာချစ်သာဖြစ်ပြီး ကွန်တေကို ဆာရီထည့်မစဉ်းစား

ဂျော်ဂျင်ဟိုကစားနေသည့်နေရာအတွက် ဒုတိယဦးစားပေးမှာ ကိုဗာချစ်သာဖြစ်ပြီး ကွန်တေကို ဆာရီထည့်မစဉ်းစား
Photos : AFP, Youtube
Photos : AFP, Youtube
Published 5 February 2019

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဆာရီက ကွန်တေ ကစားနေရသည့်နေရာနှင့် ပတ်သက်၍ ဝေဖန်မှုများကြုံတွေ့နေသော်လည်း ကွန်တေကို သူ၏ မူလနေရာဖြစ်သည့် Pivot (ယခုဂျော်ဂျင်ဟို ကစားနေသည့် နေရာ)တွင် လုံးဝသုံးရန်မစဉ်းစားထားဘဲ ကိုဗာချစ်ကိုသာ ဒုတိယဦးစားပေးအဖြစ် စဉ်းစားထားသည်ဟု အတည် ပြုပြောကြားခဲ့သည်။

ဆာရီက ''ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ဂျော်ဂျင်ဟိုကစားတာ အရမ်းကောင်းပါတယ်။ ကိုဗာချစ်ကို ကျွန်တော်ထည့် ကစားခဲ့တာက သူ့ရဲ့ခြေချင်းဝတ်မှာ ဒဏ်ရာနည်းနည်းရသွားလို့ပါ။ ဖာဘရီဂတ်စ်ထွက်သွားပြီးတဲ့နောက် ဂျော်ဂျင်ဟိုရဲ့ အရန်နေရာအတွက် ကျွန်တော်ကစားသမား နှစ်ဦးကိုပဲ စဉ်းစားခဲ့ပါတယ်။ ပထမဦးစားပေးက အမ်ပါဒူဖြစ်ပြီး၊ ဒုတိယဦးစားပေးက ကိုဗာချစ်ပါ။ ကိုဗာချစ်က သူ့ရဲ့နေရာ သီးသန့်ရှိပေမယ့် ဒီနေရာမှာလည်း သူက ဂျော်ဂျင်ဟိုနဲ့ အနီးစပ်ဆုံးတူ အောင်ကစားနိုင်ပါတယ်။ တစ်ချက်ထိ ကစားနိုင်သလို ဘောလုံးနဲ့အတူ လှုပ်ရှားတာလည်းအရမ်းမြန်ပါတယ်။ ဒါကြောင့် သူ့ကို အနာဂတ်မှာ ဒီနေရာအတွက် ကျွန်တော် စဉ်းစားခဲ့တာပါ။ ဒါကြောင့် ကိုဗာချစ်က နောက်ပိုင်းမှာ  ပုံမှန်ကွင်းလယ်လူအဖြစ် ကစားရသလို၊ ဂျော်ဂျင်ဟိုမကစားတဲ့အချိန်တွေ မှာ ဒီနေရာကိုဝင်ကစားမယ့်သူဖြစ်ပါတယ်''ဟုဆိုခဲ့ကာ ကွန်တေကိုမူ လက်ရှိကစားနေသည့်နေရာတွင်သာ ဆက်လက်အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။