ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ AFC Cup ပြိုင်ပွဲတွင် အုပ်စု (G) ၌ ဖိလစ်ပိုင်ကလပ် ဆီရက်စ်၊ ဗီယက်နမ်ကလပ် ဘန်ဒေါင်း၊ အင်ဒိုနီးရှားကလပ် ပါစီဂျာ အသင်းတို့နှင့်အတူ ကျရောက်နေသည်။
ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးမင်းသူက ကစားသမားများ အတွေ့အကြုံ ရစေရန် AFC Cup ပြိုင်ပွဲ၌ နိုင်ငံခြားသားများ အသုံးမပြုဘဲ ပြည်တွင်းကစားသမားများဖြင့် သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။
''၂၀၁၉ မှာ ကျွန်တော်တို့အသင်းက ပြိုင်ပွဲသုံးရပ် ယှဉ်ပြိုင်ဖို့ရှိပါတယ်။ ပြည်တွင်း မှာ အမှတ်ပေးပြိုင်ပွဲနဲ့ ရှုံးထွက်ပြိုင်ပွဲ၊ ပြည်ပ မှာတော့ AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာပါ။ AFC Cup ပြိုင်ပွဲမှာ ပြည်တွင်းကစားသမားတွေနဲ့ပဲယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေကို အတွေ့အကြုံရစေချင်တာပါ။ ပြည်တွင်းပြိုင် ပွဲတွေမှာတော့ ပြည်ပကစားသမားတွေနဲ့ ပြည်တွင်းကစားသမားတွေကို ပေါင်းစပ် အသုံးပြုပါမယ်။ ပြည်ပပြိုင်ပွဲမှာတော့ ပြည် တွင်းကစားသမားတွေကိုပဲသုံးပြီး အတွေ့ အကြုံရအောင် ပွဲထွက်ခွင့်ပေးသွားမှာပါ။ ပြိုင်ပွဲတိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကစား သမား ၁၁ ယောက်ကိုပဲ အသုံးပြုနေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး''ဟု ဦးမင်းသူက ပြောကြားသည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ AFC Cup ပြိုင်ပွဲတွင် အုပ်စု (G) ၌ ဖိလစ်ပိုင်ကလပ် ဆီရက်စ်၊ ဗီယက်နမ်ကလပ် ဘန်ဒေါင်း၊ အင်ဒိုနီးရှားကလပ် ပါစီဂျာ အသင်းတို့နှင့်အတူ ကျရောက်နေသည်။
ရှမ်း ယူနိုက်တက်အသင်းသည် အုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီ ၂၆ ရက်မှ မေ ၁၅ ရက်အထိ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အိမ်ကွင်းပွဲစဉ်များ ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လက်ခံကစားမည်ဖြစ်သည်။
ဦးမင်းသူသည် ၂၀၁၉ ရာသီ ချာရတီဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီး စီနီယာနည်းပြဘဝ ပထမဆုံးဆုဖလားရရှိထားသည်။