(၁၈)မိနစ်ဖြင့် လူစားလဲခံရသည့် ဘာယီ၏ အနာဂတ် မန်ယူတွင် ဆက်ရှိတော့မည်မဟုတ်ဟု ဖာဒီနန် သုံးသပ်

(၁၈)မိနစ်ဖြင့် လူစားလဲခံရသည့် ဘာယီ၏ အနာဂတ် မန်ယူတွင် ဆက်ရှိတော့မည်မဟုတ်ဟု ဖာဒီနန် သုံးသပ်
Published 7 October 2018

 

မန်ယူ (၃-၂) နယူးကာဆယ်ပွဲတွင် ပွဲချိန် (၁၈)မိနစ်၌ လူစားလဲခံခဲ့ရသော အိုင်ဗရီကို့စ် နောက်ခံလူ ဘာယီမှာ မန်ယူအသင်းတွင် အနာဂတ်ဆက်ရှိတော့မည်မဟုတ်ကြောင်း မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က သုံးသပ်ပြောကြားခဲ့သည်။

BT Sports ရုပ်သံတွင် မန်ယူအသင်းဖော်ဟောင်း ပေါလ်စခိုးလ်၊ နယူးကာဆယ်ကွင်းလယ်လူဟောင်း ဂျီးနပ်စ်တို့နှင့်အတူ ယင်းပွဲကို ဝေဖန်ရာ၌ ဖာဒီနန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော် တွမ်မီနေးအတွက် စိတ်မကောင်းပါဘူး။ သူဟာ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ်ကနေ ခံစစ်မှူးတစ်ဦးအဖြစ် ကစားနေရပါတယ်။ နောက်ပြီး ဘာယီအတွက်လည်း စိတ်မကောင်းပါဘူး။ သူ့အနေနဲ့ အသင်းမှာ ပြန်ကစားရမယ့်လမ်း မရှိတော့ဘူးလို့ ထင်ပါတယ်" ဟု ဖာဒီနန်က ပြောကြားခဲ့သည်။

ယင်းပွဲတွင် နယူးကာဆယ်အသင်းဘက်မှ ဘရာဇီးလ်ကွင်းလယ်လူ ကန်နေဒီက ပွဲချိန်(၇)မိနစ်တွင် အဖွင့်ဂိုး၊ ဂျပန်တိုက်စစ်မှူး မူတိုက ပွဲချိန်(၁၀)မိနစ်တွင် ဒုတိယဂိုးတို့ကို သွင်းယူခဲ့ပြီး၊ နောက် (၈)မိနစ်အကြာတွင် မော်ရင်ဟိုသည် ဘာယီအား ကွင်းထဲမှထုတ်ပယ်ကာ စပိန်ကွင်းလယ်လူ မာတာနှင့် လူစားလဲခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent