နာမည်ကျော် အမေရိကန်လက်ဝှေ့သမား ဖလွိုက်မေဝယ်သာသည် နှစ်သစ်ကူးကာလအထူးသရုပ်ပြပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် လက်ဝှေ့ပွဲတွင်
ဂျပန်လူငယ်ကစ်ဘောက်ဆာသမား နာဆူကာဝါကို စက္ကန့်(၁၄၀)အတွင်း အနိုင်ယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါပွဲကို ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး နာဆူကာဝါသည် ကစ်ဘောက်ဆာသမားဖြစ်သော်လည်း ခြေထောက်အသုံးပြုခွင့်မရဘဲ လက်ဝှေ့နည်းစနစ်ဖြင့်သာ
ထိုးသတ်ခဲ့ရကြောင်း သိရှိရသည်။
အသက်(၂၀)သာရှိသေးသည့် နာဆူကာဝါသည် အသက် (၄၁)နှစ်ရှိပြီဖြစ်သည့် မေဝယ်သာကို မည်သို့မျှ ယှဉ်နိုင်စွမ်းမရှိခဲ့ဘဲ အချိန်တိုအတွင်းမှာပင်
အရှုံးပေးခဲ့ရသည်။
မေဝယ်သာသည် လက်ဝှေ့ထိုးသတ်ခြင်းမှ အနားယူထားသူဖြစ်သော်လည်း (၃)ချီသာ ယှဉ်ပြိုင်ထိုးသတ်ရမည့် ယခုပွဲကို လက်ခံခဲ့ပြီး အလွယ်တကူ အနိုင်ယူခဲ့
ခြင်းလည်းဖြစ်သည်။
မေဝယ်သာသည် နာဆူကာဝါကို (၃)ကြိမ်မြောက်လဲကျအောင် ထိုးနှက်နိုင်ခဲ့ပြီးနောက် နာဆူကာဝါ၏ အကူလူများက အရှုံးပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မေဝယ်သာသည် ယခုပွဲတွင် အနိုင်ရရှိသည့်အတွက် ဆုကြေးဒေါ်လာ(၉)သန်း ရရှိခဲ့ ကြောင်းလည်း သိရှိရသည်။
ပွဲအပြီးတွင် မေ ဝယ်သာက "ဒါဟာ ဖျော်ဖြေရေးပွဲပါ။ ဂျပန်ပရိသတ်တွေကို ဖျော်ဖြေရုံပါပဲ။ ကျွန်တော် လက်ဝှေ့လောကကနေ အနားယူထားဆဲပါပဲ" ဟု
ပြောကြားခဲ့သည်။