ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းကို ဘယ်လာမီ တစ်ပေး

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းကို ဘယ်လာမီ တစ်ပေး
Photo: Sky Sports
Photo: Sky Sports
Published 29 December 2018

 

မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့တွင် ကစားခဲ့သည့် ဝေးလ်စ်တိုက်စစ်မှူးဟောင်း ဘယ်လာမီက ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးအသင်းကသာ ရရှိသွားမည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်ရာသီဝက်ကျိုးချိန်တွင် လီဗာပူးလ်အသင်းသည် ရှုံးပွဲလုံးဝမရှိသေးဘဲ ရမှတ် (၅၁) မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မန်စီးတီးအသင်းမှာမူ လီဗာပူးလ်အသင်းနှင့် (၇) မှတ်အထိကွာဟနေကာ အဆင့် (၃) နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

သို့သော် ဘယ်လာမီက လီဗာပူးလ်အသင်းအနေဖြင့် တစ်ရာသီလုံးရှုံးပွဲမရှိကစားနိုင်မည်ဟု မိမိမထင်ကြောင်းနှင့် ချန်ပီယံဆုကို မန်စီးတီးအသင်းကသာ ရရှိသွားမည်ဟု ထင်မြင်ကြောင်း Sky Sports သတင်းဌာနသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘယ်လာမီက '' လီဗာပူးလ်အသင်းတစ်ရာသီလုံး ရှုံးပွဲမရှိ ကစားနိုင်မယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ သူတို့ အနည်းဆုံး (၁) ပွဲ၊ (၂) ပွဲလောက်တော့ ရှုံးပါလိမ့်မယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောရမယ်ဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးအသင်းကပဲ ရသွားမယ်လို့ ထင်ပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး သူက အသင်းကိုအဓိကဦးဆောင်နေသူဖြစ်ပါတယ်။ ခရစ္စမတ်ကာလအပြီးမှာ (၇) မှတ်ပြတ်သွားပေမယ့် မန်စီးတီးအသင်းကို ချန်ပီယံလောင်းစာရင်းကနေ ထုတ်ပယ်လို့ မရပါဘူး'' ဟုပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် ချယ်လ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာအသင်းများကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘယ်လာမီက မန်စီးတီးအသင်းအနေဖြင့် ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ကစားမည့် ဆောက်သမ်တန်နှင့် အဝေးကွင်းပွဲစဉ်တွင် နိုင်ပွဲပြန်လည်ရယူလိမ့်မည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent