(၅၃)နှစ်အရွယ်ရှိ ဘလန့်မှာ ဘော်ဒိုး၊ ပြင်သစ်လက်ရွေးစင်အသင်း၊ PSG အသင်းများကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်သည်။
မန်ယူအသင်းသည် ရာသီကုန်အထိတာဝန်ပေးမည့် ယာယီနည်းပြကို (၄၈)နာရီအတွင်းခန့်အပ်ဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
လက်ရှိလက်ထောက်နည်းပြဖြစ်သူ မိုက်ကယ်ကာရစ်မှာ ယင်းရာထူးကို ရယူဖွယ်မရှိကြောင်းလည်း Daily Mail က ရေးသားခဲ့သည်။
မန်ယူအသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ယာယီနည်းပြမှာ မန်ယူအသင်းနှင့် နီးစပ်သည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု ပြောကြားခဲ့ကြသည်။
ထို့ကြောင့် မန်ယူအသင်းတွင် နှစ်ရာသီကြာကစားခဲ့ဖူးသည့် ပြင်သစ်နောက်ခံလူဟောင်း လောရင့်ဘလန့်မှာ ယာယီနည်းပြဖြစ်လာရန် ရေပန်းစားလာခဲ့သည်။
(၅၃)နှစ်အရွယ်ရှိ ဘလန့်မှာ ဘော်ဒိုး၊ ပြင်သစ်လက်ရွေးစင်အသင်း၊ PSG အသင်းများကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်သည်။
ထို့ပြင် ၎င်းသည် အသင်းဂန္ထဝင်နည်းပြ ဖာဂူဆန်နှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးရှိသူဖြစ်သောကြောင့် ယာယီနည်းပြအဖြစ် ခန့်အပ်ခံရရန် ပိုမိုနီးစပ်နေခဲ့သည်။
ဘလန့်အနေဖြင့် ကစားသမားဘဝတွင် မန်ယူအသင်းအတွက် ၇၅ ပွဲကစားပေးခဲ့ပြီး အသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု (၁)ကြိမ် ဆွတ်ခူးခဲ့ဖူးသည်။