စီးရီးအေတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို အင်တာမီလန်တိုက် စစ်မှူး အီကာဒီက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အီကာဒီသည် ပြီးခဲ့သည့်ရာသီက လာဇီယိုတိုက်စစ်မှူး အီမိုဘီလီနှင့်အတူ စီးရီးအေတွင် သွင်းဂိုး ၂၉ ဂိုးဖြင့် ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။
၂၅ နှစ်ရှိပြီဖြစ်သူ အီကာဒီမှာ ယင်းဆု ကို ၂၀၁၁ ခုနှစ်က အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ရရှိပြီးနောက် ဂျူဗင်တပ်စ် ပြင်ပမှ အကောင်းဆုံးဆုရရှိသည့် ပထမဆုံးကစားသမားလည်းဖြစ်သည်။
ထို့ပြင် ၎င်းမှာ စီးရီးအေအကောင်းဆုံးသွင်းဂိုးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
အကောင်းဆုံးနည်းပြဆု ကိုမူ ဂျူဗင်တပ်စ်အသင်းကို စီးရီးအေ ရှစ်နှစ် ဆက်နှင့်ပြည်တွင်းဖလားနှစ်လုံး လေးကြိမ် ဆက်ရယူပေးခဲ့သည့် အယ်လီဂရီက ရရှိခဲ့သည်။
ယခုဆုပေးပွဲအခမ်းအနားကို အီတလီ ကစားသမားအစည်းအရုံး(AIC)က ဦးစီးပြု လုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်ညက မီလန်မြို့ ၌ ကျင်းပခဲ့သည်။
ဂန္ထဝင်ကစားသမားများဖြစ် သည့် တော့တီနှင့် ပီယာလိုတို့ကို ရာသက်ပန် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းမှ အီတလီလက်ရွေးစင်နောက်ခံလူ ဂူယာဂနီ က အကောင်းဆုံးအမျိုးသမီးဆုနှင့် ဂျီယန်လူကာရော့ခီက အကောင်းဆုံးဒိုင်လူကြီးဆု ရရှိခဲ့ကြသည်။
၂၀၁၇-၁၈ ရာသီ စီးရီးအေအကောင်းဆုံးအသင်း
ဂိုး - အယ်လစ်ဆန်(ရိုးမား)
နောက်တန်း - ကန်ဆယ်လို(အင်တာမီလန်)၊ ကူလီဘလီ(နာပိုလီ)၊ ချီလီနီ၊ အဲလက်စ်ဆန်ဒရို(ဂျူဗင်တပ်စ်)
အလယ်တန်း - ယာနစ်(ဂျူဗင်တပ်စ်)၊ မီလင်ကိုဗစ်(လာဇီယို)၊ နိုင်ဂိုလန်(ရိုးမား)
ရှေ့တန်း - ဒီဘားလား(ဂျူဗင်တပ်စ်)၊ အီကာဒီ(အင်တာမီလန်)၊ အီမိုဘီလီ(လာဇီယို)