(၂)ပွဲဆက်ရှုံးပွဲကြုံတွေ့ထားတဲ့ ရိုးမားအသင်း အိမ်ကွင်း ရောမမြေမှာ လက်ခံကစားခဲ့ရပေမယ့် အင်တာမီလန်ကို နောက်ကလိုက်ကစားပြီး သရေတစ်မှတ် မနည်းရယူခဲ့ရတယ်။
အင်တာမီလန်ရဲ့ဂိုးတွေကို ကီတာဘယ်လ်ဒီက (၃၇)မိနစ်နဲ့ အီကာဒီက (၆၆)မိနစ်တွေမှာ သွင်းယူပေးခဲ့ပြီး ရိုးမားအတွက် အွန်ဒါက (၅၁)မိနစ်နဲ့ ကိုလာရော့ဗ်က (၇၄)မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
အင်တာမီလန်အနေနဲ့ စီးရီးအေအဝေးကွင်းနိုင်ပွဲဆက်ပျောက်ခဲ့လို့ ဇယားထိပ်ဆုံးက ဂျူဗင်တပ်စ်အသင်းနဲ့ (၁၁)မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။
ရိုးမားအသင်းကတော့ ရမှတ်(၂၀)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၇)နေရာမှာ ရပ်တည်နေပါတယ်။
■ တနင်္ဂနွေနေ့ ရလဒ်များ
ပရီးမီးယားလိဂ်
ချယ်လ်ဆီး ၂ - ၀ ဖူလ်ဟမ်
အာဆင်နယ် ၄ - ၂ စပါး
လီဗာပူးလ် ၁ - ၀ အဲဗာတန်
လာလီဂါ
ဘက်တစ် ၁ - ၀ ဆိုစီဒက်
ဟီရိုနာ ၁ - ၁ အက်သလက်တီကို
ဘာစီလိုနာ ၂ - ၀ ဗီလာရီးယဲလ်
အလာဗတ်စ် ၁ - ၁ ဆီဗီလာ
စီးရီးအေ
အေစီမီလန် ၂ - ၁ ပါးမား
ဖရိုဆီနိုနီ ၁ - ၁ ကာဂလီယာရီ
ဆာဆူအိုလို ၀ - ၀ အူဒီးနီးစ်
တိုရီနို ၂ - ၁ ဂျီနိုအာ
ချီယေဗို ၁ - ၁ လာဇီယို
ရိုးမား ၂ - ၂ အင်တာမီလန်
ဘွန်ဒစ်လီဂါ
လိုက်ပ်ဇစ် ၂ - ၀ မိုချန်ဂလာဘတ်
ဖရန့်ဖတ် ၁ - ၂ ဝုလ်ဖ်ဘတ်
ပြင်သစ်လီဂူး
တူးလူး ၂ - ၂ ဒီယွန်း
မာဆေးလ် ၀ - ၀ Reims
ရန်းစ် ၁ - ၄ စထရာဘိုး
ဘော်ဒိုး ၂ - ၂ PSG