အီတလီစီးရီးအေပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်
Published 24 November 2018

အီတလီစီးရီးအေပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်

အူဒီးနီးစ် နှင့် ရိုးမား (စနေည ၈း၃၀ နာရီ)

အူဒီးနီးစ်ဟာ တန်းဆင်းဇုန်ထဲကရုန်းမထွက်နိုင်သေးဘဲ မျက်နှာငယ်နေရပါတယ်။ စီးရီးအေသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အိမ်ကွင်း(၄)ပွဲဆက်အရှုံးကိုလည်း အူဒီးနီးစ် စိတ်ပျက်ဖွယ်ရင်ဆိုင်ထားရတယ်။ ဒီလိုအခြေအနေဆိုးမျိုးကို ရိုးမားနဲ့ပွဲမှာ အလုံးစုံတော်လှန်နိုင်ရေးဟာ အူဒီးနီးစ်အတွက် အိပ်မက်လိုဖြစ်နေမလားပဲ။ ဒါပေမဲ့ ရိုးမားက ပြိုင်ပွဲစုံအဝေးကွင်း(၃)ပွဲ ဆက်နိုင်ပွဲပျောက်လို့ အူဒီးနီးစ် အမှတ်ရသွားနိုင်တယ်။

ဂျူဗင်တပ်စ် နှင့် SPAL (စနေည ၁၁း၃၀ နာရီ)

တစ်ပွဲပျမ်းမျှ (၂ .၁၇)ဂိုးသွင်းယူထားပြီး နာပိုလီအသင်းနဲ့အတူ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဂျူဗင်တပ်စ်ကို တစ်ပွဲပျမ်းမျှ (၁ .၅၈)ဂိုးပေးထားရတဲ့ SPAL ခံစစ် ဘယ်လိုတားဆီးမလဲ။ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေ မြင်ရဦးမယ်ထင်တယ်။ ဂျူဗင်တပ်စ်က အိမ်ကွင်းမှာ သွင်းဂိုး (၂.၅)ဂိုး ထက်ပိုများတဲ့ပွဲ (၅)ပွဲအထိ ပိုင်ဆိုင်ထားတယ်။ ဂျူဗင်တပ်စ်နဲ့ ဂိုးအများကို ရွေးထားရမယ်ထင်တယ်။

အင်တာမီလန် နှင့် ဖရိုဆီနိုနီ (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

စပါးနဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကစားရမယ်ဆိုပေမယ့် စီးရီးအေရပ်ဝန်းကိုလည်း အင်တာမီလန်နည်းပြ စပယ်လက်တီ အာရုံအပြည့်စိုက်မယ်ထင်တယ်။ နောက်ဆုံးပွဲမှာ အတ္တလန်တာကို အရှက်တကွဲဂိုးပြတ်အရေးနိမ့်ထားတာကို အင်တာမီလန် သိက္ခာ ပြန်ဆယ်ရဦးမယ်။ အဝေးကွင်းနောက်ဆုံး (၂)ပွဲဆက် ဖရိုဆီနိုနီ ရလဒ်ကောင်းခဲ့တာ သတိထားရမှာဖြစ်ပေမယ့် အင်တာမီလန် သေချာပေါက်နိုင်ပါလိမ့်မယ်။ ဂိုးပြတ်၊ မပြတ်တော့စဉ်းစားရမယ်။