မြန်မာနှင့် ဗီယက်နမ်နည်းပြချုပ်တို့ လူမှုကွန်ရက်၌ အပြန်အလှန်အချင်းများနေ

မြန်မာနှင့် ဗီယက်နမ်နည်းပြချုပ်တို့ လူမှုကွန်ရက်၌ အပြန်အလှန်အချင်းများနေ
Photo: Antoine Hey Twitter
Photo: Antoine Hey Twitter
Published 24 November 2018

မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် ဗီယက်နမ်အသင်းနည်းပြချုပ် ပက်ဟန်ဆိုးသည် လူမှုကွန်ရက်၌ အပြန်အလှန် အချင်းများနေကြောင်း သိရသည်။

အန်တွမ်နီဟေးသည် ဗီယက်နမ်နှင့်ပွဲ အပြီးတွင် ပက်ဟန်ဆိုး လက်ဆွဲမနှုတ်ဆက် သည့်အပြုအမူအား Twitter၌ ရေးသားခဲ့ပြီး ပက်ဟန်ဆိုးက ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အန်တွမ်နီဟေးက ပက်ဟန်ဆိုး၏ အပြုအမူသည် ရှက်စရာကောင်းပြီး ပရော်ဖက်ရှင်နယ်မပီသကြောင်း ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။

အန်တွမ်နီဟေး၏ရေးသားမှုကို ပက်ဟန်ဆိုးက '' မြန်မာနည်းပြက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာတွေ့ရပါတယ်။ သူ့ရဲ့အကြံပေးမှုတွေကို ကျေးဇူးတင်ပေမဲ့ အရေးကြီးတာက သူ့အနေနဲ့ သူများကို မဝေဖန်ခင်မှာ သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်သင့်ပါတယ်။ သူက ကျွန်တော့်ကစားသမားကို လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တာကြောင့် ပြောစရာရှိရင် ကျွန်တော့်ကိုပဲ ပြောဖို့ ပြောခဲ့တာပါ။ ဒါကြောင့် ပွဲအပြီးမှာ သူ့ကို လက်ဆွဲမနှုတ်ဆက်ခဲ့တာပါ''ဟု ပြောကြားသည်။

မြန်မာနှင့် ဗီယက်နမ်ပွဲတွင် နှစ်ဖက်နည်းပြချုပ်များ အချင်းများခဲ့သော်လည်း ပြဿနာကြီးကြီးမားမားမရှိခဲ့ ကြောင်း သိရသည်။

Most Read

Most Recent